Mar 25, 2018

ငြိမ်းချမ်း​စေချင်​သည်

ငြိမ်းချမ်း​စေချင်​သည်
~~~~~~~~~~~~~~~ Kသာမိုး(မန်း​မြေ)

သူငယ်​ချင်း
လာပါ...
လက်​​တွေ အတူတွဲလို့
ထုပ်​စီးထိုးတမ်း ကစားကြမယ်​....
အ​မှောင်​ညမှာ လသာခဲ့ရင်​....

သူငယ်​ချင်း
လာပါ...
ကျုံး​ဘေးနားမှာ ဆရာတင်​ရဲ့သီချင်း​တွေ
သံပြိုင်​ဟစ်​ ​အော်​ဆိုကြရ​အောင်​....
ဓားခုတ်​ရာ​တွေ ​ပျောက်​ကွယ်​သွားခဲ့ရင်​....

သူငယ်​ချင်း
လာပါ...
ငါတို့​တွေ
ငယ်​ငယ်​ကလို တူတူပုန်းတမ်း
ကစားကြမယ်​....
သက်​ငယ်​မုဒိန်း​တွေ ပ​ပျောက်​သွားခဲ့ရင်​...

သူငယ်​ချင်း
လာပါ...
ကျောင်းဝန်းထဲက ၀ါစိမ်းနီသုံး​ရောင်​ခြယ်​​အောက်​မှာ
နိုင်​ငံ​တော်​သီချင်း​တွေ
ညီညီညာညာ သီဆိုကြမယ်​...
သေနတ်​သံ ​ဗုံးသံ​တွေ
မကြား​ရ​တော့တဲ့အခါ....

သူငယ်​ချင်း
လာပါ...
မြို့ထဲလမ်းမ​တွေထဲ
ဒါ..တို့ပြည်​ ဒါ..တို့​မြေ
တို့..ပိုင်​တဲ့​မြေ
ဒဏ်​ရာ​တွေထည့်​ထားတဲ့ ရင်​ဘတ်​ကြီး
ဖွင့်​ပြလိုက်​ရ​အောင်​....

မြန်​မာ့​မြေကြီး
တုန်​ဟီးသည်​..အထိ

Kသာမိုး(မန်း​မြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...