Mar 31, 2018

အောင်​​ကျော်​ချမ်း​အေး မန္တ​လေး

အောင်​​ကျော်​ချမ်း​အေး မန္တ​လေး
~~~~~~~~~~~~~~~~~~~ Kသာမိုး (မန်း​မြေ)

အော်​မ​နေနဲ့​တော့...
ငါတို့နဲ့ မဆိုင်​​တော့ဘူး...
ငါတို့မြို့ မဟုတ်​​တော့ဘူး....

သမိုင်းကို ​ပြေးမကြည့်​နဲ့
မြို့ထဲလမ်းမက အင်္ဂါ​တွေချို့ယွင်းလာပြီ....

ကျုံး​ဘေးက ဂလုံ ဂလွမ်​ အသံ​တွေ
စည်းချက်​ညီလို့
ဒီအချိန်​​တွေ လွန်​ရင်
လက်​တင်​​ငေးခဲ့တဲ့ ကျုံးမြို့ရိုးကြီးကို
ငါ ပြန်​မြင်​ချင်​တယ်​....

မီးတိုင်​​တွေ​အောက်
ငုတ်​တုတ်​​လေးထိုင်​​နေတဲ့ ဂီတ​တွေက
မြို့ပျက်​ရဲ့ အဆင်​တန်​ဆာ...

မီးခိုး​ငွေ့​တွေကြားက ရမ္မက်​​တွေ
လောဘ​တွေပုန်​ကန်​လာရင်
ငါတို့မြို့ ​သွေးစွန်းမယ်​....

ဒီအ​ကြောင်း​တွေ ​ပြောပြီးရင်
Save Our Mandalay
Save Our Mandalay
Save Our Mandalay
ငါ သံကုန်​ဟစ်
အော်​​ပြောမယ်​......

Kသာမိုး(မန်း​မြေ)

Mar 28, 2018

သူသာ သတိရခဲ့မယ်​ဆိုရင်

သူသာ သတိရခဲ့မယ်​ဆိုရင်
~~~~~~~~~~~~~~~~~ Kသာမိုး(မန်း​မြေ)

အတိတ်​ပုံ ​ရေး​ရေး​လေးခြယ်​မှုန်းထားတဲ့​ဖန်းသားပြင်​​ပေါ်
သူ့ရုပ်​လွှာ​လေး မြုပ်​ထားတယ်​...

အနားက​နေ အမှတ်​တမဲ့ဖြတ်​သွားတဲ့​ခြေရာအချို့မှာ
ငါ့နာကျင်​သံ တိုးတိုး​လေးထည့်​ထားတယ်​....

တစ်​ဖက်​​စောင်းနင်းတက်​တဲ့ ငါ့ရဲ့သ၀န်​တိုစိတ်​​တွေမှာ
သူ့မျက်​ရည်​​တွေ မပါဘူး....

အတု....
အတု....
အသက်​ရှုသံ​တွေလဲ အတု...
နွေကြိုဥသြရဲ့ တွန်​သံ​တွေလဲအတု
ပါးပြင်​​ပေါ်က ​ရေစီ​ကြောင်း​တွေလဲအတု..

အတု...အတု...အတု...
နှင်းဆီဖူးက ပွင့်​အန်​ကျလာတဲ့
ရနံ့အတု​တွေကြား
ငါ့ရင်​ခွင်​ကလဲ ​ဟောင်း​လောင်း​ပေါက်​...

လေ​ပေါ်​ရေးတဲ့ အရုပ်​​တွေ
အသက်​မ၀င်​မှန်းသိ​ပေမယ့်
အဲ့ဒီ ကာမဆန်​တဲ့နှုတ်​ခမ်းလွှာ​တွေကြား
ရင်​ခုန်​သံကို လက်​ကာပြခဲ့တာ
ခက်​တာက သူ...
ခုထိ အငိုမတိတ်​​သေးဘူး.....

ငါမက်​​မောခဲ့တဲ့ လမ်းကျဉ်း​လေးက
ခြေရာ​တွေ အသက်​၀င်​ခဲ့မယ်​ဆိုရင်
ရှိုက်​သံ တိုးတိုး​လေး​အောက်
တစ်​ချိန်​က ​လေညင်း​လေး​တွေ
ငါ ပြန်​တိုး​ဝေ့ချင်​​သေးရဲ့....

ရနံ့​တွေသာ ဖြာ​ပေးလိုက်​ပါ
၀တ်​လွှာ​တွေကြား
ငါ့အနမ်း​တွေ ဖြန့်​ထားပါတယ်​..

တကယ်​လို့သာ
သူသာ သတိရခဲ့မယ်​ဆိုရင်​​ပေါ့....

Kသာမိုး(မန်း​မြေ)

Mar 25, 2018

ငြိမ်းချမ်း​စေချင်​သည်

ငြိမ်းချမ်း​စေချင်​သည်
~~~~~~~~~~~~~~~ Kသာမိုး(မန်း​မြေ)

သူငယ်​ချင်း
လာပါ...
လက်​​တွေ အတူတွဲလို့
ထုပ်​စီးထိုးတမ်း ကစားကြမယ်​....
အ​မှောင်​ညမှာ လသာခဲ့ရင်​....

သူငယ်​ချင်း
လာပါ...
ကျုံး​ဘေးနားမှာ ဆရာတင်​ရဲ့သီချင်း​တွေ
သံပြိုင်​ဟစ်​ ​အော်​ဆိုကြရ​အောင်​....
ဓားခုတ်​ရာ​တွေ ​ပျောက်​ကွယ်​သွားခဲ့ရင်​....

သူငယ်​ချင်း
လာပါ...
ငါတို့​တွေ
ငယ်​ငယ်​ကလို တူတူပုန်းတမ်း
ကစားကြမယ်​....
သက်​ငယ်​မုဒိန်း​တွေ ပ​ပျောက်​သွားခဲ့ရင်​...

သူငယ်​ချင်း
လာပါ...
ကျောင်းဝန်းထဲက ၀ါစိမ်းနီသုံး​ရောင်​ခြယ်​​အောက်​မှာ
နိုင်​ငံ​တော်​သီချင်း​တွေ
ညီညီညာညာ သီဆိုကြမယ်​...
သေနတ်​သံ ​ဗုံးသံ​တွေ
မကြား​ရ​တော့တဲ့အခါ....

သူငယ်​ချင်း
လာပါ...
မြို့ထဲလမ်းမ​တွေထဲ
ဒါ..တို့ပြည်​ ဒါ..တို့​မြေ
တို့..ပိုင်​တဲ့​မြေ
ဒဏ်​ရာ​တွေထည့်​ထားတဲ့ ရင်​ဘတ်​ကြီး
ဖွင့်​ပြလိုက်​ရ​အောင်​....

မြန်​မာ့​မြေကြီး
တုန်​ဟီးသည်​..အထိ

Kသာမိုး(မန်း​မြေ)

Mar 22, 2018

လောက နိယာမ

လောက နိယာမ
~~~~~~~~~~~ Kသာမိုး (မန်း​မြေ)

ငါအရမ်းချစ်​တဲ့ က​ဗျာ​တွေ
တဖြုတ်​ဖြုတ်​​ကြွေ​နေလိုက်​ကြပုံများ
ရင်​ဘက်​နဲ့​တောင်​ မဆံ့​တော့ဘူး..

Kသာမိုး (မန်း​မြေ)

Mar 21, 2018

က​လောင်​အမည်​ ​ပြောင်းလဲခြင်း

မင်္ဂလာပါ....

ကျွန်​​တော်​ MC ကာရံ​လေး သည်​ ယခု MC ကာရံ​လေး က​လောင်​အမည်​ဖြင့်​ က​ဗျာ​ရေးခြင်းအား အပြီးတိုင်​ စွန့်​လွှတ်​လိုက်​ပါသည်​.ဆရာ​တော်​ အရှင်​ တက္ကသိုလ်​​တေဇာလင်းရဲ့ ​ကျေးဇူးဖြင့်​ ဆရာ​တော်​ဘုရား ချီးမြင့်​​ပေးသနား​တော်​မူ​သော က​လောင်​သစ်​ဖြစ်​တဲ့ ​Kသာမိုး(မန်း​မြေ) အမည်​ဖြင့်​သာ က​ဗျာများ စာ​ပေများကို ယခင်​ကထက်​ပို၍ ကြိုးစားကာအ​ကောင်းဆုံးဖြစ်​​အောင်​ ​ရေးသားသွားမည်​ဖြစ်​ပါ​ကြောင်း အသိ​ပေးအပ်​ပါသည်​.MC ကာရံ​လေး အမည်​ဖြင့်​ က​ဗျာများစာ​ပေများ လုံးဝ(လုံးဝ) ​ရေးသား​တော့မည်​မဟုတ်​ပါ.Kသာမိုး (မန်း​မြေ) အမည်​ဖြင့်​သာ​ရေးသား​တော့မည်​ဖြစ်​ပါ​ကြောင်း အားလုံးကို အသိ​ပေးအပ်​ပါသည်​ခင်​​ဗျာ.

Kသာမိုး (မန်း​မြေ)

(က​ဗျာသည်​တစ်​ကျိပ်​ အဖွဲ့ဝင်​ MC ကာရံ​လေးသည်​ ​နောက်​ထွက်​မည့်​စာအုပ်​တွင်​ Kသာမိုး(မန်း​မြေ) က​လောင်​ဖြင့်​ က​ဗျာများ ဆက်​လက်​​ရေးသားသွားပါမည်​)

သစ္စာဖူးတို့ ပွင့်​​သောအခါ ကမ္ဘာမှာအချစ်​မိုးရွာအံ့

က​ဗျာသည်​တစ်​ကျိပ်​ရဲ့ သစ္စာဖူးတို့ပွင့်​​သောအခါ ကမ္ဘာမှာ အချစ်​မိုးရွာအံ့ စာအုပ်​ အမှတ်​ (1) အား ​အောင်​​အောင်​မြင်​မြင်​နဲ့ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပ​အောင်​မြင်​ခဲ့ပါသည်​.တက်​​ရောက်​လာ​သော ဆရာ ဆရာမများ က​ဗျာချစ်​သူ အနှပညာညီအကို​မောင်​နှမများ အားလုံး အားလုံးကိုလည်း အထူး​ကျေးဇူးတင်​ရှိပါသည်​.တစ်​ချို့ မအားလပ်​၍မနှုတ်​ဆက်​လိုက်​ရ​သော ဆရာ ဆရာမများစွာရှိပါသည်​.ပထမဆုံး​ခြေလှမ်းမို့ အမှားအယွင်းများစွာရှိခဲ့ပါသည်​.သည်းခံနားလည်​ခွင့်​လွှတ်​​ပေးကြပါရန်​ အထူး​မေတ္တာရပ်​ခံပန်​ကြားအပ်​ပါသည်​.

အကယ်​၍ ရပ်​​ဝေးရပ်​နီးမှ စာ​ပေချစ်​သူများ
စာအုပ်​မှာယူလိုပါက....

ွ​​ကျွန်​​တော်​ MC ကာရံ​လေး
09259222024 / 09964690823
သို့ဖြစ်​​စေ...
Massenger Chat box မှ ဖြစ်​​စေ....
ပါဝင်​​ရေးသား​ပေးကြ​သော က​ဗျာသည်​တစ်​ကျိပ်​ အဖွဲ့ဝင်​များသို့ဖြစ်​​စေ...

ဆရာမ မယုယ​မေ
09404049547

သို့ ဖြစ်​​စေ.....

ဆရာ ​မှော်​၀င်​လ​ရောင်
09263537899

သို့ ဖြစ်​​စေ.....

မန္တ​လေးမြို့မှာ စာအုပ်​ဆိုင်​ကြီးများဖြစ်​တဲ့
ထွန်းဦးစာ​ပေ
နဂါးစာ​ပေ
ညို စာ​ပေ
မိုး​ကောင်​ကင်​ စာ​ပေ
များသို့ ဖြစ်​​စေ.....

ဆက်​သွယ်​၀ယ်​ယူနိုင်​ပါ​ကြောင်း အသိ​ပေးအပ်​ပါသည်​.

Mar 19, 2018

Mar 16, 2018

ကမ္ဘာ့က​ဗျာ​နေ့်​စာအုပ်​​လေးမှာ ပါဝင်​ခွင့်​ရခဲ့ပြီ​လေ.....
အမှတ်​စဉ်​ - ၁၅၈

Mar 14, 2018

တမလွန်​သို့ ​ရေးတဲ့စာ

တမလွန်​သို့ ​​ရေးတဲ့စာ...
~~~~~~~~~~~~~~~ MC ကာရံ​လေး

ရှိုက်​သံပြည့်​​နေတဲ့ လကွယ်​ညဟာ
ငါပါ....

သံ​ယောဇဉ်​ကြိုးကို လွန်းတင်​ခဲ့ပြီးမှ
တိကခနဲ ဖြတ်​ပစ်​လိုက်​တာဟာ
ငါတို့အတွက်​ နိဂုံးတဲ့လား...

ခြေရာ​တွေ ​ငေးကြည့်​မိ​တော့
သစ်​ရွက်​​ကြွေ​တွေနဲ့...
နွေ​နေ့ခင်းရဲ့ ပူ​လောင်​တဲ့​တေးသွား​တွေကြား
ဥသြတွန်​သံလည်း မကြားရ​တော့တာ
နှစ်​​ပေါင်းများစွာ ကြာခဲ့ပြီ​လေ.....

လွမ်းရိပ်​​ဝေ ဆည်းဆာကိုတမ်းတမိ​တော့
''ကိုကို'' ဆိုတဲ့ ​ခေါ်သံ​လေးက
မ​နေ့ကအတိုင်းပဲ...
နားစည်​မှာ ပဲ့တင်​လို့....

နင်​.....
ပြန်​လာချိန်​​လေးကို လက်​ချိုး​ရေရင်း
တောင်​သမန်​ကို မ​ငေးဖြစ်​တာ
အ​တော်​ကြာပြီ.....

''ကို...​ပျော်​ရဲ့လားဟင်​''
လေတိုးသံ​တွေကြား ၀ိုးတ၀ါးကြား​ယောင်​​နေတဲ့အသံ​တွေ
နားစွင့်​ရင်း
နာကျင်​​နေ​ပေမယ့်
ငါ ပြုံးမိ​သေးတယ်​....

ညညဆိုရင်
ဖုန်း​လေးဆက်​ပြီး ချွဲနွဲ့တက်​တဲ့
နင့်​အသံ​လေး မကြားရတာ
ဒီ​နေ့နဲ့ဆိုရင်​ ငါးနှစ်​တိတိ

အခုဆို
ငါ့အိပ်​ခန်းလဲ ရှုပ်​ပွ​နေပြီ...
နင့်​ကိုလွမ်းလို့ ​ရေးထားတဲ့က​ဗျာ​တွေလဲ
ငါ့အနား ပြန့်​ကျဲ​နေပြီ...
ရင်​ဘတ်​​ပေါ်က အရှိုးရာ​တွေကလဲ
နာကျင်​​နေပြီ...
ငါတို့ထိုင်​​နေကြ တမာတန်းကအ​အေးဆိုင်​​လေးလဲ
ခုဆို လူသူကင်းမဲ့
ခြောက်​ကပ်​​နေပြီ...
ဝရံတာက ည​တွေလဲ
အသက်​မဲ့သွားပြီ...
နွေ​ကြို ​နေ့လည်​ခင်းရဲ့
သစ်​ပင်​ရိပ်​က​လေးကလဲ
ငါ့အတွက်​ အ​ဖော်​မဲ့...
ငါ့ပါးပြင်​မှာ နင့်​နှုတ်​ခမ်းနီရာ​တွေမရှိ​တော့ဘူး...
လေပြည်​နဲ့ ​ရောပါလာတဲ့ကိုယ်​သင်းနံ့​လေး​တွေလဲ
အခုဆို လွှင့်​ပြယ်​သွားပြီ...

အသံမဲ့ နာကျင်​မှု​တွေကြား
လွင့်​​မျောသွားတဲ့ ပုဝါစ​လေး
နင်​ ပြန်​လာ​လေသလား...
နင်​ ပြန်​လာပါ့မလား....
နင်​ ပြန်​လာနိုင်​မလား...

နောက်​ဆုံး စက္ကန့်​​လေးထဲ
ပြာနှမ်း​နေတဲ့ နှုတ်​ခမ်း​လေးကို​ငေးကြည့်
တုန်​ယင်​​နေတဲ့ လက်​အစုံက
အလိုလိုရူးသွပ်​မိသွားတယ်​...

မနက်​တိုင်း ​သောက်​​နေကျ
ကော်​ဖီခွက်​​တွေ ​အေးစက်​​နေပြီ....

အသက်​မဲ့သွားတဲ့ နာရီ​တွေကို​ငေးရင်း
ငါ့ ရင်​ဘတ်​က​တော့
ငိုလို့ ​ကောင်းတုန်းပဲ....

ဟောဒီ ရင်​ဘတ်​ကြီးထဲ
တဆစ်​ဆစ်​နဲ့ နာကျင်​​နေသမျှ......

နင်
တစ်​​နေ့...
ငါ့ဆီ ပြန်​လာပါ....

MC ကာရံ​လေး
15.3.2018 (THU) 12:40 PM
http://mckaryanlayy.blogspot.com

(တမလွန်​မှ နင်​ ကြား​နိုင်​ပါ​စေဟာ...)

Mar 2, 2018

က​ဗျာ

က​ဗျာ
~~~~ MC ကာရံ​လေး

မက်​​စောက်​တဲ့ ​တောင်​တန်း​တွေကြား
သွေးစက်​​တွေ ချနင်းခံထားရတဲ့
ပင်​လယ်​ပြာဟာ
သူ​ပေါ့....

နေ့လ​မ​စေ့​သေးတဲ့
ပဋိသ​န္ဓေကို ဖွင့်​ထုတ်
အ​ရေခြုံထားတဲ့အိပ်​မက်​​တွေကြား
ဖန်​ပုလင်းထဲက ဘ၀​တွေ
စားပွဲ​ပေါ်တင်​လို့
အကြိမ်​ကြိမ်​ ခါရမ်း​နေသူဟာ
ငါပါ......

MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...