ဧပရယ်
~~~~~ Kသာမိုး(မန္တလေး)
စိတ်နဲ့စိုက်တဲ့စံပယ်တွေလည်း
ငါတို့ရင်မှာ ဖွေးဖွေးဖြူချင်တာပေါ့....။
ပိတောက်တွေ ရင်မှာပွင့်တုန်း
အတာရေတွေက မျက်ဝန်းမှာလာစိုတယ်။
နင်ဟာ ငါတို့အတွက် ရယ်စရာပျက်လုံးတစ်ခုလို..
နင်ဟာ ငါတို့အတွက် ကြယ်ရောင်အောက်က သီချင်းတွေလို..
နင်ဟာ ငါတို့အတွက် နှစ်ကာလများစွာ
မဖတ်ဖြစ်လိုက်မိတဲ့ စာအုပ်တွေလို..
နင်ဟာ ငါတို့အတွက်
ဆွေးမြေ့ကြေကွဲသွားတဲ့ စန္ဒယားတစ်လုံးလို..
ငါတို့တွေ ခွဲ...ခွာ...။
ပါးပြင်ပေါ်က မြစ်တစ်စင်းဟာ နင်ဖြစ်သလို
လှလှပပခူးဆွတ်ခံလိုက်ရတဲ့ ပိတောက်တစ်ခက်ဟာ ငါဖြစ်ပါစေ
ညောင်နာနာအသံလေးကို နင်ပိုင်သလို
သစ်ရွက်တို့ရဲ့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းသာ ငါရပါစေ
အုတ်ဂူဖြူဖြူဟာ ဝေးကွာခြင်းဖြစ်သလို
ရွက်ကြွေတို့က ငါပဲဖြစ်ပါစေ။
မိဧပရယ်ရေ
ငါတို့တွေ ဝေး...ကွာ...။
Kသာမိုး(မန္တလေး)
18/2/2019
No comments:
Post a Comment