Feb 15, 2020

ငါနေမှုဘဝ

ငါနေမှုဘဝ
^^^^^^^^^^^^^^^ [Kသာမိုး(မန္တလေး) ]

ရေကြီးရေလျှံစိတ်ကူးတွေနဲ့
အမြင့်ဆုံးထိ ရောက်ချင်တယ်
ဒါဟာ ငရဲပဲ။

တောင်ကုန်းပေါ်က လှမ်းကြည့်ရသလိုမျိုးပေါ့
အမြင့်ရောက်လေ ကျယ်ပြန့်လေ
လူတစ်ချို့က ခက်တယ်
အမြင့်မရောက်ပဲနဲ့လည်း ကျယ်ပြန့်ချင်ကြတာ။

တို့တွေ ချစ်ရက်နဲ့ ဘာလို့ဝေးခဲ့ကြတာလဲ
တို့တွေ နီးရက်နဲ့ ဘာလို့ဝေးခဲ့ကြတာလဲ
တို့တွေဟာ အနီးဆုံးကိုပဲ မြင်နေခဲ့ကြ
တို့တွေဟာ သမ္မာရိုးကျဘဝတွေနဲ့ တန်းမကွဲအောင်နေခဲ့ကြ။

တချို့တချို့က ရူးသလိုနှမ်းသလို
တချို့တချို့က ပေါသလိုကြောင်သလို
ငါတို့တို့က အသက်ရှုတာခြင်း မတူကြဘူး
ငါတို့က စာသုံးမှုခြင်း မတူကြဘူး
တို့တွေဟာ ခြေတစ်လှမ်းစာပဲ
အသက်ရှင်ခဲ့ကြ။

ဒီလိုနဲ့ တို့တွေဟာ
ချစ်ရက်နဲ့ ဝေးခဲ့ကြ
ဒီလိုနဲ့ တို့တွေဟာ
နီးရက်နဲ့ ကျောခိုင်းခဲ့ကြ။

Kသာမိုး(မန္တလေး)
16/2/2020

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...