Feb 22, 2020

All Gta Games

ALL GTA GAMES ON ANDROID
PASSWORD: androidtean.com

GTA III
Link: http://bit.ly/2tbjqXX
Size: 569MB

GTA Vice City
Link: http://bit.ly/2t1mZ2D
Size: 931MB

GTA San Andreas
Link: http://bit.ly/2UAZQ2H
Size: 1.66GB

GTA Liberty City Stories
Link: http://bit.ly/2WDSBJa
Size: 980MB

GTA Chinatown Wars
Link: http://bit.ly/2SnDq7I
Size: 506MB

GTA Naruto Shippuden
Link: http://bit.ly/2Tr0vne
Size: 2.26GB

GTA V
Link: http://bit.ly/2MP0hDP
Size: 2GB+

GTA Philippines
Link: http://bit.ly/2UAQowo
Size: 719MB

GTA San Andreas Lite v10 [Data All GPU]
Link: http://bit.ly/2RmI41m
Size: 250MB

Link - Credit

မေတ္တာ

မေတ္တာ
*******Kသာမိုး(မန္တလေး)

ပန်းလိုမွှေးပါစေ...
ပြီးတော.. ပန်းလိုပဲ မွှေးပါစေ...
လေတိုက်လို့ မြေခခဲ့တယ်ဆိုရင်တောင်
ငါတစ်ယောက် နင့်အရှိန်အဝါနဲ့ လှပါစေ...။

Kသာမိုး(မန္တလေး)
22/2/2020

Feb 20, 2020

သံသရာ

သံသရာ
******** [ Kသာမိုး(မန္တလေး) ]

တွေ့
****
တံခါးမခေါက်ပဲ ဝင်လာတယ်
ပျော်တာပေါ့
သိပ်ကိုပျော်တာပေါ့
တို့တွေက အရင်းနှီးဆုံး သူစိမ်းတွေ။

ဆုံ
****
ပြုံးကြပျော်ကြ ရယ်ကြငိုကြ
ကျောခြင်းကပ်ပြီး နီးခဲ့ကြ
ပုလင်းထဲက နေ့လည်ခင်းဟာ
တို့တွေသောက်လို့ ကုန်ပြီ။

ကြုံ
****
ဆိုးဝါးလိုက်တာ...
လက်တွေက နာလှပြီ
ငိုပါ ငိုချလိုက်ပါ
မြစ်တွေလို အသာလေးစီးမျောသွားရုံ..။

ကွဲ
****
ခွင့်ပြုပါဦး
အပြင်မှာ မှောင်ရီသန်းလာပြီ
ကံမကုန်တော့ ပြန်ဆုံကြမှာပေါ့
ဟုတ်ကဲ့...
ဝတ်ကြေတန်းကြေတော့ ပြန်လိုက်ပို့ပေးကြပါ။

ဖြစ်..မြဲ ဓမ္မတာတဲ့
တစ်သံသရာလုံးမှာ အမှတ်တမဲ့ တွေ့ခဲ့ကြတယ်ဆိုရုံ
ဒုက္ခပဲ
နေ့တွေဟာ တစ်နေ့တခြား
ပုပ်..သိုး..ဆွေး..မြေ့။

တစ်နေ့နေ့သို့ တစ်ရွေ့ရွေ့နဲ့။

Kသာမိုး(မန္တလေး)
21/2/2020

Feb 19, 2020

ထိုအရာအား အချစ်ဟုခေါ်သည်

ထိုအရာအား အချစ်ဟုခေါ်ဆိုသည်
**************************Kသာမိုး(မန္တလေး)

တို့တွေ တစ်ယောက်နဲ့တစ်ယောက်
နှောင်တွယ်ခဲ့ကြ
ငါတို့တွေ တစ်ယောက်ကိုတစ်ယောက်
ပွေ့ဖက်ခဲ့ကြ
ပျက်ကျသွားတဲ့ တန်ဖိုးနည်းလေတံခွန်ကြိုးများ။

နင်က ဆူရှီကြိုက်သလို
ငါက လက်ဖက်ရည်ကြိုက်တယ်
နင်က ကီးမားကြိုက်သလို
ငါက ဖက်ကြမ်းကြိုက်တယ်
နင်က တိုက်အိမ်အကြီးကြီးမှာနေချင်သလို
ငါက အေးချမ်းဆိတ်ငြိမ်တဲ့
ကဗျာအိမ်ငယ်သေးသေးလေးမှာ နေချင်တယ်။

မင်းဘဝနဲ့မင်း ငါ့ဘဝနဲ့ငါ
ငါတို့တွေ လမ်းကိုလေမှာမျှော်လိုက်ရုံ
ကမ္ဘာတစ်ခုကို အညီအမျှ ခွဲဝေယူကြရုံ
ငှက်တွေအကြောင်း ငါတို့တွေ ငြီးတွာကြရုံ
အမှည့်လွန် ပုပ်သိုးနေတဲ့
အိပ်မက်တွေ ခူးဆွတ်ရိတ်သိမ်းကြရုံ
တို့တက်နိုင်ကြ။

မင်းတွေးခဲ့သလို ငါလည်း စိတ်ကူးယဉ်ခဲ့မိတာပေါ့
ဘဝကို ဖိနပ်ချုပ်ပြီး စီးချင်ခဲ့တာပေါ့
ခြေဗလာမျော်လင့်ချက်ထဲ ငါတို့တွေ လက်ပစ်ကူးလိုက်ကြရအောင်
နင့်အချစ် ဘယ်ထိရှည်လျားမလဲ
ငါ စောင့်ကြည့်စမ်းမယ်ကွယ်။

Kသာမိုး(မန္တလေး)
19/2/2020

Feb 17, 2020

ဧပရယ်

ဧပရယ်
~~~~~ Kသာမိုး(မန္တလေး)

စိတ်နဲ့စိုက်တဲ့စံပယ်တွေလည်း
ငါတို့ရင်မှာ ဖွေးဖွေးဖြူချင်တာပေါ့....။

ပိတောက်တွေ ရင်မှာပွင့်တုန်း
အတာရေတွေက မျက်ဝန်းမှာလာစိုတယ်။

နင်ဟာ ငါတို့အတွက် ရယ်စရာပျက်လုံးတစ်ခုလို..
နင်ဟာ ငါတို့အတွက် ကြယ်ရောင်အောက်က သီချင်းတွေလို..
နင်ဟာ ငါတို့အတွက် နှစ်ကာလများစွာ
မဖတ်ဖြစ်လိုက်မိတဲ့ စာအုပ်တွေလို..
နင်ဟာ ငါတို့အတွက်
ဆွေးမြေ့ကြေကွဲသွားတဲ့ စန္ဒယားတစ်လုံးလို..
ငါတို့တွေ ခွဲ...ခွာ...။

ပါးပြင်ပေါ်က မြစ်တစ်စင်းဟာ နင်ဖြစ်သလို
လှလှပပခူးဆွတ်ခံလိုက်ရတဲ့ ပိတောက်တစ်ခက်ဟာ ငါဖြစ်ပါစေ
ညောင်နာနာအသံလေးကို နင်ပိုင်သလို
သစ်ရွက်တို့ရဲ့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းသာ ငါရပါစေ
အုတ်ဂူဖြူဖြူဟာ ဝေးကွာခြင်းဖြစ်သလို
ရွက်ကြွေတို့က ငါပဲဖြစ်ပါစေ။

မိဧပရယ်ရေ
ငါတို့တွေ ဝေး...ကွာ...။

Kသာမိုး(မန္တလေး)
18/2/2019

Feb 15, 2020

ငါနေမှုဘဝ

ငါနေမှုဘဝ
^^^^^^^^^^^^^^^ [Kသာမိုး(မန္တလေး) ]

ရေကြီးရေလျှံစိတ်ကူးတွေနဲ့
အမြင့်ဆုံးထိ ရောက်ချင်တယ်
ဒါဟာ ငရဲပဲ။

တောင်ကုန်းပေါ်က လှမ်းကြည့်ရသလိုမျိုးပေါ့
အမြင့်ရောက်လေ ကျယ်ပြန့်လေ
လူတစ်ချို့က ခက်တယ်
အမြင့်မရောက်ပဲနဲ့လည်း ကျယ်ပြန့်ချင်ကြတာ။

တို့တွေ ချစ်ရက်နဲ့ ဘာလို့ဝေးခဲ့ကြတာလဲ
တို့တွေ နီးရက်နဲ့ ဘာလို့ဝေးခဲ့ကြတာလဲ
တို့တွေဟာ အနီးဆုံးကိုပဲ မြင်နေခဲ့ကြ
တို့တွေဟာ သမ္မာရိုးကျဘဝတွေနဲ့ တန်းမကွဲအောင်နေခဲ့ကြ။

တချို့တချို့က ရူးသလိုနှမ်းသလို
တချို့တချို့က ပေါသလိုကြောင်သလို
ငါတို့တို့က အသက်ရှုတာခြင်း မတူကြဘူး
ငါတို့က စာသုံးမှုခြင်း မတူကြဘူး
တို့တွေဟာ ခြေတစ်လှမ်းစာပဲ
အသက်ရှင်ခဲ့ကြ။

ဒီလိုနဲ့ တို့တွေဟာ
ချစ်ရက်နဲ့ ဝေးခဲ့ကြ
ဒီလိုနဲ့ တို့တွေဟာ
နီးရက်နဲ့ ကျောခိုင်းခဲ့ကြ။

Kသာမိုး(မန္တလေး)
16/2/2020

Feb 11, 2020

Rose - နှင်းဆီ အပိုင်း (၃)

Rose - နှင်းဆီ အပိုင်း (၃)

https://m.facebook.com/story.php?story_fbid=1056115158075817&id=100010320275315

Feb 10, 2020

Rose - နှင်းဆီ အပိုင်း (၂)

ဒီတစ်ခါတော့ အကြောင်းကြောင်းကြောင့် အပိုင်း (၂) ကနေစပြီး ဒီမှာ တိုက်ရိုက်မတင်ပေးတော့ပါဘူး နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ facebook accound လေးတော့ လူတိုင်းရှိကြမှာပါ အဲတာကြောင့် facebook မှာ တင်ထားတဲ့ link ပဲ ချပေးပါ့မယ်။တကယ်လို့ ဖတ်မရသူများရှိရင်လဲ
Viber - +959259222024 သို့ဖြစ်စေ
ဖုန်းနံပါတ် 09694888827 / 09259222024 သို့ဖြစ်စေ ဆယ်သွယ်ပေးပါ။

Rose - နှင်းဆီ အပိုင်း (၂) Link

https://m.facebook.com/story.php?story_fbid=1055381854815814&id=100010320275315

Feb 8, 2020

Rose - နှင်းဆီ

"သင်ဟာ နှင်းဆီပန်းနှစ်သက်သူတစ်ယောက် ဖြစ်ပါသလား?
ယခု post အား အဆုံးထိဖတ်ကြည့်ပါ။
ကျွန်ုပ်စိုက်ပျိုးလိုက်တဲ့ နှင်းဆီဥယျာဉ်လေးတစ်ခုက
သင့်အတွက် စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုတွေ ပေးနိုင်မယ်ဆိုရင်
ကျွန်ုပ် ပင်ပန်းကြီးစွာ စုဆောင်းရကျိုး နပ်ပေပြီ။"
                                                                   Kသာမိုး(မန္တလေး)

အပိုင်း (၁)

နှင်းဆီကယဉ် သဇင်ကပြုံး
အပွင့်မှာတော်ဝင်ပ
အပင်မှာ ဘယ်အတွက်ကြောင့်
ဆူးဖက်ရသတုန်း။
                        ကုန်းဘောင်ခေတ်နှောင်းပိုင်း မြန်မာရှေးစာဆိုတစ်ဦး

နှင်းဆီပန်းကို တော်ဝင်နန်းသုံး ရှေးအကျဆုံးပန်းလို့ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ထားခဲ့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါးလောက်က နှင်းဆီရွက်အချို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ကြဖူးတယ်။ခုခေတ် နှင်းဆီအမျိုးအစားတွေကတော့ နှစ်ပေါင်းနှစ်ရာထက် မကျော်နိုင်သေးဘူးလို့လဲ တစ်ချို့ပညာရှင်တွေက ခန့်မှန်းခဲ့ကြတယ်။နှင်းဆီပန်းအမျိုးအစားတွေအကုန်လုံး ရေတွက်ကြည့်မယ်ဆိုရင်တော့ (ခန့်မှန်းခြေ) မျိုးစုပေါင်း ၄၀၀ ကျော်နဲ့ အဆိုပါမျိုးစုတွေကနေတစ်ဆင့် ခွဲထွက်လာကြတဲ့ မျိုးကွဲပေါင်း နှစ်သောင်းကျော်တောင် ရှိခဲ့ပါပြီ။သာဓကအဖြစ် ၁၈၂၉ ခုနှစ်လောက်တုန်းက ပြင်သစ်က နှင်းဆီခြံပိုင်ရှင်တစ်ဦးဖြစ်တဲ့ Desportes ဟာ နှင်းဆီပန်း မျိုးစိတ်ပေါင်း ၂၅၆၂ မျိုးကို သူ့ရဲ့ ကတ်တလောက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

နှင်းဆီပန်း ပေါက်ရောက်ရာဒေသတွေကတော့ အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်၊ ကိုရီးယားအပါအဝင် မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယ၊ ပါရှန်၊ မြေထဲပင်လယ်ဒေသ၊ ဥရောပ၊ မြောက်အမေရိကတိုက်တွေမှာ မျိုးရင်းတွေရှိခဲ့ကြပါတယ်။(ယခုနောက်ပိုင်းတော့ မျိုးတွေပွားပြီး မြန်မာပြည်အပါအဝင် အချို့ဒေသတွေမှာ စီးပွားဖြစ် စိုက်ပျိုးလာကြပါပြီ။)ဒါပေမယ့် နှင်းဆီ စတင်ပေါက်ရောက်ရာဒေသကို လေ့လာကြည့်မယ်ဆိုရင်တော့ မြောက်ကမ္ဘာအခြမ်းမှာပဲ တွေ့ရပြီး အီကွေတာနဲ့ တောင်ကမ္ဘာခြမ်းမှာ မတွေ့ရပါဘူး။

ရှေးခေတ်တွေမှာထဲက နှင်းဆီပန်းကို အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတာ ယနေ့ထက်တိုင်ဖြစ်သလို ကမ္ဘာ့တစ်မိုင်းတစ်လျှောက်မှာ နှင်းဆီပန်းလောက် လူတွေ နှစ်သက် မြတ်နိုးတန်ဖိုးထားခံရတဲ့ပန်း၊ ဂီတ စာကဗျာ ဖွဲ့ဆိုခံရတဲ့ပန်းမျိုးဆိုတာ မရှိသလောက် ရှားပါတယ်။နှင်းဆီပန်းနဲ့ပတ်သက်ပြီး မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ စာပေဂီတ ယဉ်ကျေးမှုတွေ သမိုင်းဝင်အဖြစ်အပျက်တွေလဲ သာဓကရှိခဲ့ဖူးပါတယ်။ BC 612 လောက်က ဂရိအမျိုးသမီးစာဆို Sapphc ဟာ နှင်းဆီပန်းအကြောင်း ပထမဆုံး ရေးဖွဲ့သီကုံးခဲ့တဲ့ စာဆိုတစ်ဦးပါပဲ။၁၄ ရာစုခန့်လောက်ကလည်း နှင်းဆီပန်းနဲ့ ပတ်သတ်ပြီး စပ်ဆိုထားတဲ့ Le Romaunt be la Rose ဆိုတဲ့ ကဗျာလက်ရေးမူတောင် ရှိခဲ့ဖူးပါသေးတယ်။(ထိုအကြောင်းအရာတွေကိုတော့ မလိုအပ်ပဲ ရှည်လျားသွားမည်ဆိုး၍ ဖော်ပြခြင်းမပြုတော့ပါ)

OK ကျွန်တော်တို့ အပိုင်း(၂) မှာ ပြန်တွေ့ကြရအောင်။ရှေ့လာမယ့်အပိုင်းတွေမှာ ဒီထက်ပိုပြီး နှင်းဆီပန်းရဲ့ အသုံးဝင်ပုံတွေ သမိုင်းကြောင်းတွေ ဖွင့်ဆိုချက်တွေ အပြည့်အစုံဖော်ပြသွားမှာဖြစ်လို့ နေ့တိုင်း စောင့်ဖတ်ဖို့ မမေ့နဲ့နော်။

အပိုင်း (၂) အား ဆက်လက်ဖော်ပြပေးပါမည်။

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...