ဘီယာဗူးခွံအလွတ်တွေထဲက ဆောင်းညတစ်ည
*******************************************Kသာမိုး(မန်းမြေ)
ရေချိန်ကျော်နေတဲ့ ဘီယာဗူးတွေနဲ့
ငါ့ကိုယ်ငါ ဆောင်းတယ်
ပြီးတော့ ငါ့စိတ်ကိုဆောင်းတယ်။
ဆောင်းညကတော့
သူမကို ဆောင်းတယ်။
၂၀၁၂ ကမ္ဘာပျက်မယ်အထင်နဲ့
နေစရာမရှိအောင် ကြောက်လန့်ခဲ့ဖူးတယ်
၂၀၁၈ မှာ တကယ်ကမ္ဘာပျက်သွားတာ
ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဖူး။
ဆောင်းညဟာ ပြိုပျက်နေတဲ့စိတ်အကြွင်းအကျန်တွေနဲ့
ငါ့ကို ငုံကြည့်လို့.....
ဖော်ဝေးငှက်ရဲ့ သီချင်းသံဟာ
ဘီယာဗူးအလွတ်ထဲက ဆောင်းညတစ်ညအတွက်
သူမမပါတဲ့ဘဝနဲ့ နှင်းကြွေတဲ့ညကို
ပိုပြီး ပြည့်စုံစေတယ်။
ကဗျာတွေရေးကြည့်တော့
သူမနာမည်တွေပဲ ထွက်ကျလာတယ်
အိပ်မက်ကနေထယောင်တဲ့ အသံတောင်
သူမအကြောင်း နည်းနည်းတော့ပါတယ်။
တကယ်ပါပဲ....
သူမမရှိတဲ့ ဘဝအတွက်
ပူပင်နေရတာလေးကိုပဲ
ငါ..... မြတ်နိုးတယ်။
Kသာမိုး(မန်းမြေ)
14/12/2019
No comments:
Post a Comment