Dec 17, 2019

Valentine's လမ်းမ

Valentine's လမ်းမ
♥♥♥♥♥♥♥♥Kသာမိုး(မန်းမြေ)

တစ်ခါက
စိတ်ကောက်တဲ့အခါ လိုက်ချော့ဖူးတဲ့
လမ်းကလေး ရှိခဲ့ဖူးတယ်။

နေ့ရက်တွေ ခါးလာတော့
ချောကလက်လေးနဲ့ ဖြေသိမ့်ခဲ့ဖူးတယ်။

နာကျင်လာတဲ့အခါ
အမှတ်တရတွေ ဝတ်ဆင်ပြီး
မျှော်ခဲ့ရတဲ့နေ့တွေကို လွမ်းတယ်။

ရနံ့တွေ မမွှေးတော့တာ
ကြာခဲ့ပေါ့။
ချယ်ရီပန်းတွေရဲ့ ကဗျာရွတ်သံတွေ
မကြားရတော့ဘူး။

တစ်ခါက
စိတ်ကောက်တဲ့အခါ လိုက်ချော့ဖူးတဲ့
နေ့လေးတစ်နေ့ ရှိခဲ့ဖူးတယ်။

တစ်ခါက။

Kသာမိုး(မန်းမြေ)
18/12/2K19

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...