Dec 7, 2019

အသည်းကွဲ ရစ်သမ်

အသည်းကွဲ ရစ်သမ်
---------------------------Kသာမိုး(မန်းမြေ)

ပြာခွက်ထဲက
လောင်းကျွမ်းပြီးသား ဒဏ်ရာအပိုင်းအစတွေနဲ့
ငါမပျော်ဘူး။

ပုလင်းထဲမှာ နင့်မျက်နှာကြီးက
လာလာပေါ်တယ်။

ငါ့ခန္ဓာ ငါ့ဦးနှောက်နဲ့
အသက်ရှင်နေရတာ ငြီးငွေ့လွန်းရဲ့
ငါ့ရက်ဝှက်ထဲက နင့်အတ္တတွေ
ကိုယ့်ကိုကိုယ် ဆူဆိုက်လုပ်သွားကြောင်း
မျက်ရည်တွေက အလိုလိုသိတယ်။

နှင်းတွေဝေတဲ့ စားပွဲပေါ်က
ဒဏ်ရာဒဏ်ချက်တွေအကြောင်း
တန်ရာတန်ကြေး မပေးနိုင်တဲ့
သစ္စာတရားက ငါ့အစား
သာဓု သုံးကြိမ်သာခေါ်ဆိုပါတော့။

ငါ့ကိုယ်ငါ
အမျှ အမျှ အမျှ ငါရပါစေ။

နင့်စိတ်နဲ့ ဒီခန္ဓာ
ဒီဘဝ ဒီမျှနဲ့သာ ကြွေပါစေလေ။

Kသာမိုး(မန်းမြေ)
7/12/2K19 December

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...