Aug 26, 2019

ငါ အသံတွေကြားတယ်

ငါ အသံတွေကြားတယ်
°°°°°°°°°°°°°°°°°°°Kသာမိုး(မန်းမြေ)

ငါ အသံတွေကြားနေရတယ်။
အခန်းကျဉ်းလေးရဲ့
အမည်နာမကို ဟစ်အော်နေတဲ့အသံ
ဘုရားသခင်ရဲ့ ခြေအစုံအောက်
အိပ်စက်တဲ့ အသံ
ဒီအသံတွေကို ငါကြားနေရတယ်။

ဖြူလွလွဇာပဝါပါးအောက်က
ကဗျာတစ်ပုဒ်ရဲ့ ငိုညည်းသံ
ပေတရာ နီရဲရဲအောက်က
မိုးစက်ခြွေသံ
မီးခိုးခေါင်းတိုင်ပေါ်က
အမည်းရောင် ရယ်သံတွေ
ဒီအသံတွေကို ငါကြားတယ်။

လေပြေတိုးသံ
တွန်းလှည်းကျိတ်သံ
တံခါးပိတ်သံ။

အခု
သူမအသံတွေကို ငါမကြားတော့။

နားတွေကိုပိတ် မျက်လုံးမှိတ်ပြီး
အရိုးသားဆုံး ယမကာတစ်ခွက်နဲ့
ရောင်နီမလာတဲ့ ညများမှာအိပ်စက်ခဲ့ကြောင်း။

ဝန်ခံပါရစေ။

Kသာမိုး(မန်းမြေ)
26/9/2019

Aug 25, 2019

INVICTUS

"INVICTUS"

Out of the night that cover me
Black as the pit from pole to pole
I thinks whatever Gods may be
For my unconquerable Soul

In the felleultch of circumstance
I have not winced nor cried aloud
Unders the bludgeonings of chance
My head is bloody but unbowed

Beyoud this place of wrath and tears
Looms but the horrors of the shade,
And yet the menace of the years
Finds, and shall find, me unafraid

It matters not how strait the gate
How charged with punishment the scroll
I'm the master of my fate:
I'm the captain of my Soul

*William Ernest Henley (1849 - 1903)*

မြန်မာပြန်_

"အနိုင်မခံ"

ငါ့အားဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရား၏ ကြမ်းကြုပ်သော လက်ဆုပ်အတွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏
သို့သော်... ညွှတ်ကား မညွှတ်။

လောဘ၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ်ငံ့လင့်၏
သို့သော်... ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ။

သုဂတိသို့သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုဒ်တွင်
ငါ၏ အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ...
ငါသာ ငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာ ငါလျှင် ငါ့ဘဝ၏ သခင်ဖြစ်တော့သည်

William Ernest Henley (1849 - 1903) ရေးသားခဲ့သော INVICTUS ဆိုသောကဗျာလေးကို "ဆရာညိုမြ" မှ ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော်ရဲ့ android application လေးကိုလည်း မိမိတို့ဖုန်းထဲသို့ Download ရယူထားနိုင်ပြီး အသစ်တင်သမျှ post တိုက်ကိုလည်း internet အနည်းငယ်ရှိရုံဖြင့် application တွင် အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

Kသာမိုး(မန်းမြေ) android application V(2.2) - https://bit.ly/2IePPp7

Aug 22, 2019

မိုးရာသီ

မိုးရာသီ
----------Kသာမိုး(မန်းမြေ)

တံခါးမခေါက်ပဲ ဝင်လာတဲ့မိုးစက်ကလေးတွေကို
ပိုးစိုးပက်စက် ဆဲချင်တယ်
ငါ့မှာတော့ ရူးလို့ဖြင့်မဝသေးဘူး
အိပ်ခန်းနံရံထောင့်က ဓာတ်ပုံဆီ
မျက်ဝန်းတွေ ကြွေအံကစားသလိုပစ်ပေးမိပေါ့။

ဖြစ်နိုင်ရင် စာအုပ်လေးထဲသိမ်းထားချင်တာ.....
မနှစ်က ဒီလိုအချိန်ဒီလိုနေရာမျိုးမှာ
အရက်ခွက်ထဲက နင့်မျက်နှာလေးလို
မျက်ရည်တွေ တစိမ့်စိမ့်ကျဖူးတယ်။

ချစ်သူ
ငါလွမ်းလို့ ရွာတဲ့မိုးတွေ
နင်အရှိုက်ကို ထိရဲ့လား။
နားထောင်ကြည့်စမ်း။
ငါ့ငိုသံတွေ နင်ကြားရဲ့လား။
အရင်ကလို မိုးရွာထဲရောထွက်ထိုင်သေးလား။

ငါပို့တဲ့ မေတ္တာတွေ
နင့်ကိုရွှဲရွှဲစိုပါစေ။
ငါနင့်ကို လွမ်းတိုင်းကျတဲ့မျက်ရည်တွေ
နင့်မျက်ဝန်းပေါ် ရစ်သိုင်းပါစေ။

Kသာမိုး(မန်းမြေ)
22/8/2019

Aug 19, 2019

မညီမျှခြင်း

မညီမျှခြင်း
××××××Kသာမိုး(မန်းမြေ)

ငါ့ကို ဘဝထဲကနှုတ်ပြီး
အချစ်နဲ့ စားပါ။
အကြွင်းက မျက်ရည်တွေနဲ့။

Kသာမိုး(မန်းမြေ)
19/8/2019

Aug 12, 2019

ပျက်သုဉ်းခြင်း ဥပဒေသများ

"ပျက်သုဉ်းခြင်း ဥပဒေသများ"
×××××××××××××××××Kသာမိုး(မန်းမြေ)

ယမကာတစ်လုံးပေါ်က နှုတ်ခမ်းဖျားမှာ
သိခြင်းမသိခြင်းဆိုတဲ့အရာထက်
ရှိခြင်း မရှိခြင်းဆိုတဲ့အရာသာ
ကြယ်တစ်လုံးအဖြစ် ရင်ခွင်ပေါ်ကြွေကျ။

အခန်းတွေ အသံမမြည်တော့တာကြာပေါ့
ပုလင်းပေါ်က နင့်နာမည်တွေ
ကြည့်လို့ သိပ်လှတာပဲ။

အရက်ကလေး တမြမြနဲ့
စာအုပ်တွေအပြည့်အသိပ်
ကျောပိုးအိတ်ထဲ ထည့်လွယ်ထားတဲ့
ညနေတွေ
နင့်အတွက် ခြေတစ်လှမ်း
ရင်းနှီးခဲ့ကြောင်း။

ဘုရား.. ဘုရား...
ဒီကဗျာကို
သူ......
မဖတ်မိပါစေနဲ့။

Kသာမိုး(မန်းမြေ)
12/8/2019

Aug 10, 2019

"မုန်းတယ်" တဲ့

"မုန်းတယ်"တဲ့
မြတ်စွာဘုရား!
ကောင်းကင်ကြီးတောင် ပြောင်းပြန်လှန်သွားပြီ။
စိတ်ကူးထဲ မိုးကြိုးတွေအကြိမ်ကြိမ်ပစ်ချနေလိုက်တာများ
မျက်ရည်တွေကို ရွှဲလို့။

Kသာမိုး(မန်းမြေ)
10/8/2019

Aug 1, 2019

"အိမ်​လွမ်းသူ"

"အိမ်​လွမ်းသူ"
×××××××××Kသာမိုး(မန်း​မြေ)

ဘဝကို ပုခုံး​ပေါ်ထမ်းရင်း
မျဉ်းပြိုင်​​တွေ​ပေါ်မှာ ကဆုန်​စိုင်း​ပြေး​နေတဲ့​ကောင်
အ​ဖေရယ်​ အ​မေရယ်​ အိမ်​​လေးရယ်
ညတိုင်း အိပ်​မက်​ထဲအထိ
ထည့်​လွမ်းတယ်​။

ထမင်းတစ်​လုပ်​စားတိုင်း
အ​မေ့လက်​ရာမဟုတ်​မှန်း သိလာသလို
အိပ်​စက်​တိုင်းလဲ ​နွေး​ထွေးမှုမရှိမှန်းသိလာတယ်​။

မနက်​အိပ်​ယာထတိုင်း အ​မေ့အသံ​လေးမကြားရသလို
ညအိပ်​ရာဝင်​တိုင်း
အ​ဖေ့ရဲ့ ဘုရားရှိခိုးသံ​လေးကင်းမဲ့။

အ​ဖေရယ်​ အ​မေရယ်​ အိမ်​​လေးရယ်
မျက်​ရည်​တစက်​စာ
ကဗျာထဲ စီးဝင်​ခဲ့​ပေါ့။

အ​ဝေးတစ်​​နေရာက
ခြောက်​ကပ်​ကပ်​ ​နေ့စွဲများမှာ.......။

Kသာမိုး(မန်း​မြေ)
1/8/2019

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...