Aug 26, 2019

ငါ အသံတွေကြားတယ်

ငါ အသံတွေကြားတယ်
°°°°°°°°°°°°°°°°°°°Kသာမိုး(မန်းမြေ)

ငါ အသံတွေကြားနေရတယ်။
အခန်းကျဉ်းလေးရဲ့
အမည်နာမကို ဟစ်အော်နေတဲ့အသံ
ဘုရားသခင်ရဲ့ ခြေအစုံအောက်
အိပ်စက်တဲ့ အသံ
ဒီအသံတွေကို ငါကြားနေရတယ်။

ဖြူလွလွဇာပဝါပါးအောက်က
ကဗျာတစ်ပုဒ်ရဲ့ ငိုညည်းသံ
ပေတရာ နီရဲရဲအောက်က
မိုးစက်ခြွေသံ
မီးခိုးခေါင်းတိုင်ပေါ်က
အမည်းရောင် ရယ်သံတွေ
ဒီအသံတွေကို ငါကြားတယ်။

လေပြေတိုးသံ
တွန်းလှည်းကျိတ်သံ
တံခါးပိတ်သံ။

အခု
သူမအသံတွေကို ငါမကြားတော့။

နားတွေကိုပိတ် မျက်လုံးမှိတ်ပြီး
အရိုးသားဆုံး ယမကာတစ်ခွက်နဲ့
ရောင်နီမလာတဲ့ ညများမှာအိပ်စက်ခဲ့ကြောင်း။

ဝန်ခံပါရစေ။

Kသာမိုး(မန်းမြေ)
26/9/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...