Aug 25, 2019

INVICTUS

"INVICTUS"

Out of the night that cover me
Black as the pit from pole to pole
I thinks whatever Gods may be
For my unconquerable Soul

In the felleultch of circumstance
I have not winced nor cried aloud
Unders the bludgeonings of chance
My head is bloody but unbowed

Beyoud this place of wrath and tears
Looms but the horrors of the shade,
And yet the menace of the years
Finds, and shall find, me unafraid

It matters not how strait the gate
How charged with punishment the scroll
I'm the master of my fate:
I'm the captain of my Soul

*William Ernest Henley (1849 - 1903)*

မြန်မာပြန်_

"အနိုင်မခံ"

ငါ့အားဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရား၏ ကြမ်းကြုပ်သော လက်ဆုပ်အတွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏
သို့သော်... ညွှတ်ကား မညွှတ်။

လောဘ၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ်ငံ့လင့်၏
သို့သော်... ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ။

သုဂတိသို့သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုဒ်တွင်
ငါ၏ အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ...
ငါသာ ငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာ ငါလျှင် ငါ့ဘဝ၏ သခင်ဖြစ်တော့သည်

William Ernest Henley (1849 - 1903) ရေးသားခဲ့သော INVICTUS ဆိုသောကဗျာလေးကို "ဆရာညိုမြ" မှ ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော်ရဲ့ android application လေးကိုလည်း မိမိတို့ဖုန်းထဲသို့ Download ရယူထားနိုင်ပြီး အသစ်တင်သမျှ post တိုက်ကိုလည်း internet အနည်းငယ်ရှိရုံဖြင့် application တွင် အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

Kသာမိုး(မန်းမြေ) android application V(2.2) - https://bit.ly/2IePPp7

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...