Aug 12, 2019

ပျက်သုဉ်းခြင်း ဥပဒေသများ

"ပျက်သုဉ်းခြင်း ဥပဒေသများ"
×××××××××××××××××Kသာမိုး(မန်းမြေ)

ယမကာတစ်လုံးပေါ်က နှုတ်ခမ်းဖျားမှာ
သိခြင်းမသိခြင်းဆိုတဲ့အရာထက်
ရှိခြင်း မရှိခြင်းဆိုတဲ့အရာသာ
ကြယ်တစ်လုံးအဖြစ် ရင်ခွင်ပေါ်ကြွေကျ။

အခန်းတွေ အသံမမြည်တော့တာကြာပေါ့
ပုလင်းပေါ်က နင့်နာမည်တွေ
ကြည့်လို့ သိပ်လှတာပဲ။

အရက်ကလေး တမြမြနဲ့
စာအုပ်တွေအပြည့်အသိပ်
ကျောပိုးအိတ်ထဲ ထည့်လွယ်ထားတဲ့
ညနေတွေ
နင့်အတွက် ခြေတစ်လှမ်း
ရင်းနှီးခဲ့ကြောင်း။

ဘုရား.. ဘုရား...
ဒီကဗျာကို
သူ......
မဖတ်မိပါစေနဲ့။

Kသာမိုး(မန်းမြေ)
12/8/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...