စကားလုံး ဒိုင်ယာရီ
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
လက်ပံပွင့်တွေရဲ့ ငိုသံမှာ
နာရီတွေကို ပြာချပေးမယ်။
အိပ်မက်ထဲမှာ ဆွတ်ပျံကြည်နူးနေတဲ့နှင်းဆီတွေ
ဒရောသောပါး ပြေးလွှားနေကြ
ငါ့ကောင်းကင်က "အချစ်"ရာတွေနဲ့
အရင်ကလို
လမ်းကျဉ်းလေးထဲ မစီးဆင်းတော့ဘူး။
ဟေရာကလိုက်တပ်စ်က
မြစ်တစ်ခုထဲမှာ ရေနှစ်ခါမချိုးနဲ့တဲ့
ဆန့်ကျင်ပြီး အကြိမ်ကြိမ်ခပ်သောက်ပစ်နေတာ ငါပေါ့။
မျက်ဝန်းတွေလည်း ပူ.....လို့။
ဒိုင်ယာရီက ကျွန်တော့်အကြောင်းကို ပြန်ပြောပြတယ်။
ကျွန်တော် မငိုပါဘူး။
ဒါပေမယ့် ရယ်လည်း မရယ်ဘူး။
ကျွန်တော် မယူပဲရခဲ့တဲ့
ပင်လယ်တစ်စင်းအကြောင်း
ဘယ်သူမှ တိုးတိုးတိတ်တိတ် မသနားတော့ဘူး။
အခုချိန်ထိပဲ။
နောက်ဆုံးမှာ အခိုးအငွေ့များဖြစ်သွားမလားလို့
စိတ်ပူခဲ့ဖူးတယ်။
သမိုင်းမှာ ချည်နှောင်ထားခံခဲ့ရတဲ့
ကော်ဖီတစ်ခွကိပါ။
မနက်ခင်းတစ်ခုမှာ
ရုတ်တရက် ကြောက်အားလှန့်အားပျံသွားတဲ့ညပေါ့။
ဖြစ်သလိုပဲ အမှောင်ချထားခဲ့ရတာပါ။
Kသာမိုး(မန်းမြေ)
4/3/2019
No comments:
Post a Comment