Mar 11, 2019

အခု ကျွန်တော် ကဗျာရေးတက်သွားပြီ

အခု ကျွန်တော်ကဗျာရေးတက်သွားပြီ
~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

အသုံးပြုပြီး ဒိုင်ယာရီက
ဥသြတွန်သံနဲ့ နွေရွက်ကြွေကို
အချိုးကျ ထည့်ဖျော်ထားတယ်။
ဘယ်ဘက်ရင်အုံပေါ်က ငိုသံတွေကို
ကဗျာလိုရွတ်ဆိုရင်း
သူ့ရဲ့ ပြုံးပြပြီးသားမျက်နှာအတုကြီးအကြောင်း
ကျွန်တော့်ရဲ့ ညနေမှာ
မှောင်မိုက်ပေးလိုက်တယ်။
အခုဆိုရင်
ကျွန်တော် ကဗျာရေးတက်သွားပြီ။

ကျွန်တော့်ရဲ့ ကောင်းကင်ကိုချုပ်မထားတော့ပါဘူး။
တိမ်တွေ လွတ်လပ်စွာစီးမျောခွင့်ပေးလိုက်တယ်။
ပေါ့ပါးစွာနဲ့.......
သူလည်း ပြုံးပြပါစေ။
ကဗျာလည်း လွတ်လပ်ပါစေ။

ဟေမာန်ဆောင်းက
မနက်ခင်းစောစော နှင်းတွေနဲ့လှမ်းလျှောက်ထွက်တယ်။
သူမရဲ့နှုတ်ခမ်းဖျားလေးတွေ ရွတ်ဆို..လို့။
အသစ်အသစ်တွေရဲ့ ခြေလှမ်းမှာ
ကြားထဲ ညှပ်ထည့်ခံလိုက်ရတဲ့မိုးအကြောင်း.....
ငါ့မျက်ဝန်းပေါ်မှာ ဖြိုင်လို့။
ဒီလိုနဲ့ ကျွန်တော်
ကဗျာရေးတက်လာပြီ။

သေဆုံးနေတဲ့ အိပ်မက်တွေမှာ
မျက်ရည်ဟာ ကဗျာဖြစ်ပါစေ။
ကျွန်တော်
ကဗျာရေးတက်သွားပြီ။

Kသာမိုး(မန်းမြေ)
11.3.2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...