Mar 3, 2019

နွေဦးမော်ဒန်

နွေဦးမော်ဒန်
~~~~~~~~~~Kသာမိုး(မန်းမြေ)

မျက်ဝန်းတွေ တဆက်ဆက်တုန်ခါနေတဲ့
ဆန့်ကျင်ဘက်တစ်ခုမှာ
သစ်ရွက်ကြွေကို
ကဗျာလို့ပဲ ခေါင်းစဉ်တပ်ရမလား

မက်မက်စက်စက် နှုတ်ခမ်းဖျားတစ်စုံအတွက်
ဥပက္ခာပြုခံသွားရတဲ့ လမ်းကလေးမှာ
အမှတ်တမဲ့ ဖြတ်တိုက်သွားတဲ့လေညှင်းနဲ့အတူ
နင် ချန်မထားခဲ့ပဲ
ငါ ကျန်ခဲ့တာပါ

နောက်ကျောကို ဓားနဲ့ထိုးမှာလား
အသုံးချခံသက်သက် မေတ္တာနဲ့
နင့်ကိုငါ ကြောက်တယ်
ကိုယ့်အရှိန်နဲ့ကိုယ် လောင်ကျွမ်းခံလိုက်ရတဲ့သစ္စာပါ
တဇွတ်ထိုး စီးဆင်းနေတဲ့ ပင်လယ်တွေ
ကွဲအက်ခံ ရေအလျှင်ဟာ
ဘယ်လှေငယ်ကိုမှ ရန်မမူဘူး

ဥဩတွန်မှ နွေဖြစ်တာပါ
ငါ့မော်ဒန်တွေ လောင်ကြွမ်းနေကြ။

Kသာမိုး(မန်းမြေ)
2/3/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...