ကျွန်တော် သူမကိုအရမ်းချစ်တယ်
~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
နေ့လည်ခင်းက ပန်းတွေနဲ့ယိမ်းကနေသလိုမျိုးပေါ့
လေပြေတွေရဲ့ သီချင်းသံတွေ
သုံးနှစ်သုံးမိုး စောင့်စရာမလိုခဲ့ဘူး
နွေဦးက သာယာတယ်။
ကျွန်တော် သူမကိုအရမ်းချစ်တယ်
ဧဒင်ဥယျာဉ်က ပန်းသီးလေးလို
လေအနမ်း ပန်းတစ်ရှိုက်စာ
အစွမ်းကုန် ကခုန်လို့
ကျွန်တော် သူမကိုအရမ်းချစ်တယ်ဆိုတာ
မျက်ရည်တစ်စက် မကျလည်း
အလွမ်းဖြစ်ပါတယ် ငှက်ငယ်လေးရယ်။
ခိုးကြောင်ခိုးဝှက် ငါ့မျက်ဝန်းတွေက
သူမ မျက်နှာကိုလည်း ကိုယ်စားပြုနိုင်ရဲ့
ခြေတစ်လှမ်းမှာ
ပန်းပွင့်တဲ့ နေ့စွဲတွေရှိတယ်။
ကျွန်တော် သူမကိုအရမ်းချစ်တယ်ဆိုတာ
ကျွန်တော် သူမကိုအရမ်းချစ်လို့
ဒါကြောင့်
ကျွန်တော် သူမကိုချစ်တယ်။
သူမ အိမ်ကိုပြန်တော့
ကျွန်တော့် အပြုံးလေးတွေလက်မှာဆွဲလို့
ကျွန်တော်လည်း ဒီအတိုင်းပဲနိုးထခဲ့တယ်။
ကျွန်တော်
သူမကို အရမ်းချစ်တယ်ဗျာ။
Kသာမိုး(မန်းမြေ)
1/3/2019 Fri
No comments:
Post a Comment