Jan 31, 2019

ငါဟာ မြစ်ကမ်းနံဘေးမှာ ထိုင်နေတယ်

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
လေမတိုက်ပဲ သစ်ရွက်တွေကို
ဆောင်းရဲ့ လေနုအေးကခြွေချခဲ့သလိုမျိုး
ငါလဲ တဖြည်းဖြည်းကြွေကျခဲ့
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေပြင်ထဲမှာ
ငါ့အကြည့်တွေ လိုက်ပါစီးဆင်းသွားတယ်။

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
ဟော.......
လေပြေတွေ....... လေပြေတွေ........
အပူအပင်မရှိ စီးဆင်းနေတဲ့
အပြစ်မဲ့တဲ့ မြစ်ရေပြင်ကိုဝင်တိုက်သွားတယ်။
လှိုင်းကြက်ခွပ်ကလေးတွေ
နာကျင်လွန်းလို့ ငိုနေကြပုံများ
တဝေါဝေါနဲ့။

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
ဆေးလိပ်တိုကို မီးညှိပြီး
အခိုးအငွေ့တွေကို မှုတ်ထုတ်မိတော့
လွင့်ပြယ်ခြင်းက အနိစ္စလား........
မြစ်ပြင်ကျယ်ကြီးရေ.......
မင်းသိလား.........
ဒါဆို မင်းရော.........
ပြီးတော့.......
ငါကရော.........

သူ မဖြေခဲ့ဘူး..,
အမှိုက်သရိုက်တွေ ကျောပေါ်တင်ပြီး
ရေအလျှင်နဲ့အတူ တရှိန်ထိုးပြေးသွားလေရဲ့.......
လမ်းခုလတ်မှာ ကျရှုံးပါစေ.........

ငါဟာ.........
အခု........
မြစ်ကမ်းနံဘေးမှာ မထိုင်တော့ဘူး.......

Kသာမိုး(မန်းမြေ)
1/2/2019 သောကြာ

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...