Jan 28, 2019

"ခေါင်းစဉ်တပ်မထားပါ"

ခေါင်းစဉ်တပ်မထားပါ
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ညကို ဖက်ကြမ်းထဲထည့်သောက်တယ်။
သူ့ကို သတိတရရေးထားတဲ့ကဗျာတွေက
ကြယ်တွေလို ဖွေးဖွေးလှုပ်။

"ကဗျာတွေက ကဗျာဆရာကိုပြန်သတ်သွားသလိုမျိုး"
ဒဏ်ရာတွေ..........
ကဗျာတွေ............
ဂေ့,........
ဒီနေ့ကျမှ ပိုမူးနေသလားပဲ။

ရင်ဘတ်ထဲ တစ်ခုတ်တရထည့်သိမ်းထားတဲ့ရနံ့တွေက
လ,ကို ပြည်ဖုံးကားချပြီး
ငါ့ကို ဝင်တိုက်သွားခဲ့။

ကျကွဲတယ်ဆိုရုံလေးပါ။
ရူးသွားတယ်ဆိုရုံလေးပဲ။
ဒါပေမယ့်.....
ခေါင်းစဉ်မတပ်လိုက်ဘူး။
သူ့ကို.... သတိရသွားမှာစိုးလို့။

Kသာမိုး(မန်းမြေ)
29/1/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...