Jan 31, 2019

နင် ကြားပါစေသားမိမာယာ

ကြားပါစေသား မိမာယာ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ပျော်ရွှင်မှုဆန်ဆန် လှောင်မြိုက်ခြင်းခံနေရတဲ့ကောင်
နှင်းပန်းကလေးတွေရဲ့ မျက်ရည်ခံပြက်လုံးတွေအတိုင်းပဲ
ငါဟာ ရူးသွပ်ခဲ့။
နင့်မုသားနဲ့တင်......
ငါ့ကဗျာတွေ အရက်သောက်တက်နေပြီ။

အပိုင်းအစတွေကို လွယ်အိတ်ထဲထည့်လွယ်ထားတဲ့ကောင်
အညတြ ကဗျာသမားတစ်ယောက်ရဲ့ရင်ဘတ်က
ဥဩသံနဲ့သတိရခြင်းကို ထပ်တူအချိုးကျခဲ့။
နင်ပေးတဲ့ ဆာဂျယ်ရီနဲ့အပြုံးရောင်ထုထားတဲ့နှုတ်ခမ်းတစ်စုံ။
စောက်ရမ်း မိုက်ရိုင်းတယ်.......
ပန်းနုရောင်ခန်းမထဲက
မိတ်ကပ်ထူထူလိမ်းထားတဲ့ အောက်တန်းစားနင့်မျက်နှာကြီး။
ငါငိုတယ်......
ငါငိုမယ်.......
ငါ့မျက်ရည်တွေ.......
နင့်ရဲ့မင်္ဂလာပွဲ.......
ငါ့ရဲ့ ဘယ်ဘက်လက်ခလယ်ကလက်စွပ်လေး.......။

အချစ်ကိုကိုးကွယ်မိတဲ့ လူငယ်တစ်ယောက်ရဲ့.....
နောက်ဆုံးဈာပန.......
အက်ကွဲကွဲ ကြေးစည်သံ.......
အချစ်နာကျသွားတဲ့ သေခြင်းတရားရဲ့ငိုသံတွေ..............။

နင် ကြားပါစေသား......
ကြားပါစေသား......
မာယာ.....
မိမာယာ......
နင်.....
ကြားပါစေသား..... မိမာယာ......။

Kသာမိုး(မန်းမြေ)
31/1/2019 ကြာသပတေး

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...