Jan 31, 2019

နင် ကြားပါစေသားမိမာယာ

ကြားပါစေသား မိမာယာ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ပျော်ရွှင်မှုဆန်ဆန် လှောင်မြိုက်ခြင်းခံနေရတဲ့ကောင်
နှင်းပန်းကလေးတွေရဲ့ မျက်ရည်ခံပြက်လုံးတွေအတိုင်းပဲ
ငါဟာ ရူးသွပ်ခဲ့။
နင့်မုသားနဲ့တင်......
ငါ့ကဗျာတွေ အရက်သောက်တက်နေပြီ။

အပိုင်းအစတွေကို လွယ်အိတ်ထဲထည့်လွယ်ထားတဲ့ကောင်
အညတြ ကဗျာသမားတစ်ယောက်ရဲ့ရင်ဘတ်က
ဥဩသံနဲ့သတိရခြင်းကို ထပ်တူအချိုးကျခဲ့။
နင်ပေးတဲ့ ဆာဂျယ်ရီနဲ့အပြုံးရောင်ထုထားတဲ့နှုတ်ခမ်းတစ်စုံ။
စောက်ရမ်း မိုက်ရိုင်းတယ်.......
ပန်းနုရောင်ခန်းမထဲက
မိတ်ကပ်ထူထူလိမ်းထားတဲ့ အောက်တန်းစားနင့်မျက်နှာကြီး။
ငါငိုတယ်......
ငါငိုမယ်.......
ငါ့မျက်ရည်တွေ.......
နင့်ရဲ့မင်္ဂလာပွဲ.......
ငါ့ရဲ့ ဘယ်ဘက်လက်ခလယ်ကလက်စွပ်လေး.......။

အချစ်ကိုကိုးကွယ်မိတဲ့ လူငယ်တစ်ယောက်ရဲ့.....
နောက်ဆုံးဈာပန.......
အက်ကွဲကွဲ ကြေးစည်သံ.......
အချစ်နာကျသွားတဲ့ သေခြင်းတရားရဲ့ငိုသံတွေ..............။

နင် ကြားပါစေသား......
ကြားပါစေသား......
မာယာ.....
မိမာယာ......
နင်.....
ကြားပါစေသား..... မိမာယာ......။

Kသာမိုး(မန်းမြေ)
31/1/2019 ကြာသပတေး

ငါဟာ မြစ်ကမ်းနံဘေးမှာ ထိုင်နေတယ်

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
လေမတိုက်ပဲ သစ်ရွက်တွေကို
ဆောင်းရဲ့ လေနုအေးကခြွေချခဲ့သလိုမျိုး
ငါလဲ တဖြည်းဖြည်းကြွေကျခဲ့
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေပြင်ထဲမှာ
ငါ့အကြည့်တွေ လိုက်ပါစီးဆင်းသွားတယ်။

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
ဟော.......
လေပြေတွေ....... လေပြေတွေ........
အပူအပင်မရှိ စီးဆင်းနေတဲ့
အပြစ်မဲ့တဲ့ မြစ်ရေပြင်ကိုဝင်တိုက်သွားတယ်။
လှိုင်းကြက်ခွပ်ကလေးတွေ
နာကျင်လွန်းလို့ ငိုနေကြပုံများ
တဝေါဝေါနဲ့။

ငါဟာ မြစ်ကမ်းနံဘေးမှာထိုင်နေတယ်
ဆေးလိပ်တိုကို မီးညှိပြီး
အခိုးအငွေ့တွေကို မှုတ်ထုတ်မိတော့
လွင့်ပြယ်ခြင်းက အနိစ္စလား........
မြစ်ပြင်ကျယ်ကြီးရေ.......
မင်းသိလား.........
ဒါဆို မင်းရော.........
ပြီးတော့.......
ငါကရော.........

သူ မဖြေခဲ့ဘူး..,
အမှိုက်သရိုက်တွေ ကျောပေါ်တင်ပြီး
ရေအလျှင်နဲ့အတူ တရှိန်ထိုးပြေးသွားလေရဲ့.......
လမ်းခုလတ်မှာ ကျရှုံးပါစေ.........

ငါဟာ.........
အခု........
မြစ်ကမ်းနံဘေးမှာ မထိုင်တော့ဘူး.......

Kသာမိုး(မန်းမြေ)
1/2/2019 သောကြာ

Jan 28, 2019

"ခေါင်းစဉ်တပ်မထားပါ"

ခေါင်းစဉ်တပ်မထားပါ
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ညကို ဖက်ကြမ်းထဲထည့်သောက်တယ်။
သူ့ကို သတိတရရေးထားတဲ့ကဗျာတွေက
ကြယ်တွေလို ဖွေးဖွေးလှုပ်။

"ကဗျာတွေက ကဗျာဆရာကိုပြန်သတ်သွားသလိုမျိုး"
ဒဏ်ရာတွေ..........
ကဗျာတွေ............
ဂေ့,........
ဒီနေ့ကျမှ ပိုမူးနေသလားပဲ။

ရင်ဘတ်ထဲ တစ်ခုတ်တရထည့်သိမ်းထားတဲ့ရနံ့တွေက
လ,ကို ပြည်ဖုံးကားချပြီး
ငါ့ကို ဝင်တိုက်သွားခဲ့။

ကျကွဲတယ်ဆိုရုံလေးပါ။
ရူးသွားတယ်ဆိုရုံလေးပဲ။
ဒါပေမယ့်.....
ခေါင်းစဉ်မတပ်လိုက်ဘူး။
သူ့ကို.... သတိရသွားမှာစိုးလို့။

Kသာမိုး(မန်းမြေ)
29/1/2019

Jan 22, 2019

အရူးလွယ်အိတ်

အရူးလွယ်အိတ်
__________Kသာမိုး(မန်းမြေ)

ကမ္ဘာကြီးအကြောင်းကို တွေးမိတိုင်း
မနက်ခင်းပြတင်းတံခါးပေါ်ကအတ္တတွေဝေ့ဝဲနေကြ
အရက်ဆိုင်ထဲက လွတ်လပ်မှုတွေဟာ
ဘဝကြီးအကြောင်း ပိုနားလည်သွားစေတယ်

ညစ်နွမ်းနွမ်းနေ့အိုတွေ
ဒါဟာ ကိုယ်ဖန်တီးလိုက်တဲ့အိမ်ကလေးတစ်လုံးပဲ
ပျားပန်းခတ်မျှလူတွေကို
ငါကြောက်လာတယ်

လောဘ
မင်းဟာ သွေးစွန်းစပြုနေတဲ့ကဗျာပဲ
ငါ့လွယ်အိတ်ထဲက လူတွေ
ထာဝရ ရိုးသားကြစေ။

Kသာမိုး(မန်းမြေ)
22-1-2019

Jan 14, 2019

တခြမ်းပဲ့ လူ

တခြမ်းပဲ့ လူ
-------------Kသာမိုး(မန်းမြေ)

ရာသီပန်းတွေ ပွင့်ဖို့
ဘယ်ဥတုမှ ဒူးမထောက်ဖူးပါ။
ဂျစ်ပစီတစ်ယောက်ရဲ့ မိုးတိမ်လို
ဝေ့ဝဲ လွင့်ပါး
နှင်းစက်ရဲ့ တခြမ်းပဲ့နေတဲ့တစ်ဖက်မှာ
ကောင်းကင်ပြာကို ငေးမယ်။
ငါ့စီးကရက်တွေ လေပြေအတိုင်း
လွှင့်ပြယ်ပါစေ။

kသာမိုး(မန်းမြေ)
Tue,January 15 (15.1.2019)

Jan 7, 2019

ကြွေကျခဲ့သော သစ်ရွက်အပိုင်းအစ

ကြွေကျခဲ့သော သစ်ရွက်အပိုင်းအစ
-------------------------------------Kသာမိုး(မန်းမြေ)

မုန်တိုင်းကို မမြင်မိခဲ့လို့
သူမရဲ့ သနပ်ခါးရနံ့တွေဆီရွက်လွှင့်ခဲ့တာပါ
ရယ်မောနေတဲ့ ရေပြင်ကျယ်ကျယ်က
ဆောင်းရာသီဆန်ဆန် ငါ့စာရွက်တွေကိုခလုတ်တိုက်သွားတယ်။

ကောင်မလေးရေ
ငါ့ရင်ဘတ်ပေါ်က နှင်းပွင့်ဟာမုသားမပါဘူး
အဲ့ဒီနာရီကို ပြန်ကောက်ယူကြည့်မိတိုင်း
ကျောက်သင်ပုန်းရှေ့က ဗလာစာအုပ်လေးလို
တစ်ခါတစ်ခါငါ ရင်ခုန်ဖူးတယ်။

တွေ့ဆုံခဲ့တဲ့ ဝေးကွာခြင်းက
ကန်ဘောင်ဘေးမှာ ကဗျာလိုရွတ်နေခဲ့
အမှတ်တရ စီးမျောမှုတွေကြား
နင်ဟာ
အဖြူအစိမ်းနဲ့ နှင်းဆီမလေးလဲဖြစ်ခဲ့ဖူးရဲ့။

ကောင်မလေးရေ
ခေါင်းလောင်းသံလေးတွေ ဦးညွှတ်မိတဲ့သူပါ
နာကျင်မှာကြောက်တဲ့ ကလေးတစ်ယောက်လို
ကမ်းနံဖူးပေါ်က အုတ်ဖြူဖြူဘုရားလေးဆီကိုပဲ
ပြေးသွားချင်မိတယ်။

Kသာမိုး(မန်းမြေ)
7/1/2019 Mon,January

Jan 6, 2019

ကောင်မလေးတစ်ယောက်အတွက် ရေးတဲ့စာ

ကောင်မလေးတစ်ယောက်အတွက် ရေးတဲ့စာ

ချစ်တာကို ချစ်တယ်လို့ပြောဖို့အတွက်နဲ့တော့
ဘယ်ကဗျာကိုမှ ဦးညွှတ်ဖို့မလိုပါဘူး
ဒါဟာ ငါအမြတ်တနိုးခြယ်သထားတဲ့ဒိုင်ယာရီလေးပဲ။

ကျပီးသားမျက်ရည်အတုကြီးနဲ့
သွေးညှီနံ့ရနေတဲ့ သမိုင်းတွေကိုငါမုန်းတယ်
လတ်တလော ရွေ့လျားနေတဲ့တိမ်ဟာ
ငါနမ်းရှိုက်ပြီး လွှတ်လိုက်တဲ့
ပန်းနုရောင်နှင်းဆီတစ်ပွင့်ပဲ
နင့်သဘောအတိုင်း ဖမ်းဆီးချုပ်နှောင်ထားပါ။

ငါ့ရင်ဘတ်က သူမနာမည်ဟာခုန်ပေါက်ပြေးလွှား
မြစ်ကမ်းနံဘေးက ရယ်သံတွေဟာ
ငါ့တံခါးကို လာခေါက်နေကျ
အပေါက်အပြဲရာကြီးနဲ့တော့
ဒီစီးကရက်ကို ငါမသောက်ဖူး။

အမှတ်တမဲ့နဲ့ အမှတ်တရကို
ရင်ချင်းအပ်မိလို့
ငါဟာ ကမ္ဘာအသစ်မှာ
လူဖြစ်လာခဲ့
ဝေ့ဝဲတိုက်ခတ်သွားတဲ့ လေးနုအေးကလေးကို
ငါပြန် နှမျောလိုက်တာ။

ကောင်မလေးရေ
ဘယ်ရေပြင်ကျယ်ကိုမှ
ငါ မပိတ်ဆို့ပါဘူး
လွတ်လပ်စွာ စီးဆင်းပါစေလေ
လေပြင်းလေးရဲ့ ရယ်သံတိုးတိုးလေးအောက်
ထာဝရစာ ငါကြွေကျပေးပါ့မယ်
ခဏလောက်ပဲဖြစ်ဖြစ် ပြုံးပြပေးခဲ့ပါ။

Kသာမိုး(မန်းမြေ)
6/1/2019 SUN,January

Jan 2, 2019

ဝေးခဲ့ပါပြီ

ဝေးခဲ့ပါပြီ

ရာသီကြွေ နှစ်တွေပြောင်း
ကြိုးပြတ်ဂစ်တာလို တစ်နေ့ပြီးတစ်နေ့အော်ငိုဖူးတယ်
ကောင်းကင်က ဖာသိဖာသာပါ
နေဝန်းကြီးလမ်းလျှောက်လာတာနဲ့ ငါကပြေးထွက်ခဲ့မိတယ်။

ကမ္ဘာကိုပတ်ပြီး နှင်းဆိပင်တွေစိုက်တယ်
ငါ့အနမ်းက သောင်ခုံပေါ်တင်တဲ့ပန်းလို
ရေစီးနဲ့ မျောခဲ့ရ
အဲ့နေ့က ပင်လယ်မှာငါသေဆုံးခဲ့တယ်
ပြီးတော့
ပင်လယ်ကြီးလဲ သေသွားတယ်။

ဝေးခဲ့ပါပြီ။
ဟောင်းနွမ်းနေပေမယ့် ဖွင့်မသောက်ဖြစ်တဲ့ဝိုင်
မြင်တာနဲ့ ယစ်မူးစေခဲ့။

ကိုယ်လဲ တခြားကမ္ဘာမှာ
မင်းလဲ တခြားရင်ခွင်မှာ
တစ်ယောက်တစ်လမ်းဆီ။

ပင်လယ်စိမ်းစိမ်းမှာ ပက်လက်စီးမျော်ရင်း
ပန်းကလေးတွေ လိုက်ရေကြည့်တယ်
12ပွင့်မြောက် နှင်းပန်းကလေးက
မျက်ရည်တွေနဲ့။

Kသာမိုး(မန်းမြေ)
3/1/19 JANUARY

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...