Oct 27, 2018

ဒီဇင်ဘာမှာ ပြိုတဲ့မိုး

ဒီဇင်ဘာမှာ ပြိုတဲ့မိုး
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နှင်းမှုန်မွှား နံနက်ခင်းအကြောင်း
ရေးထားတဲ့ မျက်ရည်လည်ရွှဲဒိုင်ယာရီတစ်ပုဒ်
အလွမ်းဘာသာစကားနဲ့
ချစ်တယ်........ ချစ်တယ်..... လို့
အော်ညည်း

ဆောင်းရဲ့ ကတိကဝတ်ဟာ
မြေသားနံရံကို တို့ထိ
စောင်းအိုကြိုးတို့ ပုံပြင်တစ်ပုဒ်လို
မရှုမလှ သေဆုံးခဲ့ရဆဲ

အနောက်အရပ်မှာ တိမ်တွေညို့
ပြိုလုလုကောင်းကင်
သစ္စာတွေ စတေးခံရင်ခွင်မှာ
မျက်ရည်မိုးတွေ သည်းထန်ဆဲ

ဆောင်းကို ချစ်တက်ခဲ့သလို
ဆောင်းကို လွမ်းတက်ခဲ့
ဒီဇင်ဘာရဲ့ နံနက်ခင်းမှာ
ပြိုတဲ့မိုး
အထပ်ထပ်ရစ်ပတ် သံယောဇဉ်တွေပြတ်တောက်ခဲ့

ပြန်မလာရင်လည်း
ရှိပါစေလေ
အတူရှိနေတဲ့ အမှတ်တရများစွာ
လွမ်းရိပ်ဝေ ငေးရင်
ငါကိုယ်တိုင်ပဲ ရေးပြီး
ဖွင့်မဖတ်ဖြစ်ခဲ့တဲ့ ကျိန်စာသင့်ဒိုင်ယာရီမှတ်တမ်း
မပွင့်ဖြစ်ပဲ နွမ်းကြွေနှင်းဆီ
အလိုရှိသူ ယူပါစေလော့

ဝ၌ကြွေးကြမ္မာ မပြေးသာတဲ့အခါ
ကဗျာတွေနဲ့အတူ
ငါ...........
သေဆုံးပြီးရင်း သေဆုံးနေဦးမှာပါ

Kသာမိုး(မန်းမြေ)
27/10/21018(8:23 pm)

Photo Desing - K Thar Moe(MDY)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...