Oct 25, 2018

"မ"
~~Kသာမိုး(မန်းမြေ)

အလှပဆုံးအရပ်ကို ငေးမောရင်း
ချိုမြအသံ လွင်လွင်လေးအောက်
ပုရိသပေါင်းများစွာ
အထပ်ထပ်အခါခါ သေဆုံးစေခဲ့

လွမ်းဝေနေ့တိုင်း
အနမ်းခြွေနေမယ်
ဝိုင်တစ်ခွက်ရဲ့ ယစ်မူးမှုမှာ
"မ"မျက်နှာလေး ကပ်ငြိနေဆဲ
အသံမဲ့ ဘာသာစကားမှာ
အသိမဲ့နေခဲ့
သမုဒယ သုခတွေထမ်းပိုးရင်း
ကမ္ဘာတစ်ဖက်ဆီ ပြေးထွက်ချင်တယ်

မချစ်ပါဘူး
မြတ်နိုးရုံလေးပါ
ရယူခြင်း အတ္တတွေရှင်သန်လွန်း
ခြေတစ်လှမ်းစာ ဝေးကွားခြင်းနဲ့တင်
သတိတရ လွမ်းရကျိုးနပ်ပါတယ်

Kသာမိုး(မန်းမြေ)
26/10/2018(5:37 AM)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...