မြို့သေ
~~~~Kသာမိုး(မန်းမြေ)
နတ်ဆိုးတစ်ကောင်ရဲ့ လက်ဖဝါးကြမ်းကြမ်းပေါ်မှာ
နွေနဲ့အပြိုင် လောင်မြိုက်နေတဲ့မြို့
ကမ္ဘာကျော် ပန်ချီးကားတစ်ချပ်
ကျိန်စာတိုက်ခံထားရတဲ့ မြို့
မြို့နေလူထုဟာ
တစ္ဆေတစ်ကောင်ရဲ့ဗျတ်စောင်းလို "အီ"နေတဲ့အသံတွေနဲ့
မီးခိုးရောင် စရိုက်တွေကိုသူပိုင်သလို
အနီရောင်ဝတ်ရုံရှည်ကြီးကိုလည်း ငါပိုင်တယ်
အဖြူအမည်း ကာလာက
သမိုင်းကို ဓနနဲ့အသရေဖျတ်ထားတယ်
ပန်းရောင်ပေါက်နေတဲ့ လောဘတွေက
မြို့ကို သေဆုံးစေခဲ့တယ်
ဒါ ငါ့ရင်ဘတ်က
မြို့အသေကြီးပဲ
ငါ့ပန်းချီကားတွေ အရောင်မှိန်လာတယ်
အကျည်းတန်လာတယ်
ယိုင်နဲ့နဲ့ အိပ်မက်အသေတွေနဲ့
အပုပ်နံ့လှိုင်နေတဲ့ ငါဟာ
မြို့အသေကြီးပေါ်မှာ ပြေး...လို့
ငါလည်း မြို့လိုသေနေပြီ။
Kသာမိုး(မန်းမြေ)
16/9/2018(12:40 PM)
No comments:
Post a Comment