Sep 15, 2018

သူမနှင့် ပန်းချီကားတစ်ချပ်

သူမ,နှင့် ပန်ချီကားတစ်ချပ်
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

သူမ ပြုံးပြတယ်...
ဟော...ကြည့် ကြယ်တွေကြွေကျလာပြီ....
သူမ,ရဲ့အပြုံးဟာ ကြယ်စင်တွေတောင်
ဦးညွှတ်သွားစေနိုင်ရဲ့။

သူမ မျက်ဝန်းလေးတစ်ချက်ဝေ့ကြည့်တယ်...
လုပ်ပြန်ပြီ...
လမင်းကြီးတောင် တိမ်စိုင်တွေကြား
ပုန်းလျှိုးဝင်ရောက်သွားလေရဲ့..
သူမ,ရဲ့ အကြည့်တစ်ချက်က
လမင်းကြီးကိုတောင် ရှက်သွေးဖြာစေတယ်။

ဘုရားရေ...
ညရဲ့ စုတ်ချက်ထဲမှာ
ပန်းတွေတောင် ပွင့်လာကြပြီ...
ပန်းတစ်ခင်း ငါ့ရင်ထဲမှာသိုဝှက်ထားရဦးမယ်...
(သူမ မသိအောင်ပေါ့)
တိတ်တခိုးလေးပဲ.......

Kသာမိုး(မန်းမြေ)
15/9/2018 (1:25 PM)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...