အဲ့ဒီ မိုးသည်းတဲ့နေ့က
~~~~~~~~~~Kသာမိုး(မန်းမြေ)
ကောင်းကင်က အက်ကွဲနေတယ်
စူးရှရှအော်သံတွေနဲ့
တစုံတရာက ငါ့ကိုလက်ယပ်ခေါ်နေကြောင်း
သေနေတဲ့ အခန်းကျဉ်းလေးက လှမ်းပြောတယ်.
မတရားဘူးလို့ပြောတိုင်း စစ်ပွဲတွေရပ်လို့ကတော့
ငါ့ကမ္ဘာမှာ စံပယ်တွေပွင့်နေတာကြာလှပြီ.
အများကြီးလည်း မတောင့်တရဲပါဘူး
တစ်ခုထဲပါ (ဒါမှမဟုတ်) တစုံတရာထဲပါ
ငါ့ဈာပနမှာ နှလုံးသားတည့်တည့်ပေါ်ကို
နှင်းဆီတစ်ခင်းလောက် စိုက်ပေးစမ်းပါ
သူမ,ရှိနေတဲ့ကမ္ဘာအထိ တက်ပွင့်ပြရဲတယ်
အဲ့ဒီ မိုးသည်းတဲ့နေ့တိုင်း
ငါ့ကမ္ဘာလေးကျကွဲသံကြားတော့
အိပ်မက်က လန့်လန့်နိုး
ရှိပါစေလေ
ဒီသံသရာတစ်ပတ်ပြည့်ရင်တော့
ငါတို့တွေ ဧဒင်ဥယာဉ်ထဲမှာပြန်ဆုံကြတာပေါ့
Kသာမိုး(မန်းမြေ)
12.9.2018
11:14 AM
No comments:
Post a Comment