Sep 10, 2018

သတိတရပိုင်ဆိုင်ခြင်းတွေထဲက ရင်ဘတ်အခွံနဲ့လူ

သတိတရပိုင်ဆိုင်ခြင်းတွေထဲက ရင်ဘတ်အခွံနဲ့လူ
~~~~~~~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)

ပင်လယ်တွေ သေအံ့မူးမူး
ထပ်မကြွေပဲ လမ်းတစ်ဝက်ရပ်နေတဲ့ကြယ်က
ဗီးနပ်(စ်)ရဲ့ဖိနပ်အောက်ကငါ့ကို လှမ်းပြောတယ်.
ထိုင်ဆုတောင်းရုံနဲ့တော့
လည်နေတဲ့ကမ္ဘာဟာ ရပ်သွားမှာမဟုတ်ဖူး
မင်းရင်ဘတ်က အခွံကြီး။

စွန့်ပစ်ခြင်းဟာ သူမ,ပိုင်ဆိုင်တဲ့အရာဆို
သတိရခြင်းက ငါပိုင်တဲ့ကမ္ဘာပါ
လရောင်ရဲ့အေးမြမှုကို သူမ,အထပ်ထပ်ခေါင်းခါပြပြီး
ကြယ်တာရာတွေပေါ် ဖြတ်ပြေးသွားခဲ့
သူမ,ဟာ ငါ့ရဲ...
သတိတရ ပိုင်ဆိုင်ခြင်းတွေထဲက
သမိုင်းစာအုပ်ထဲ ညုပ်နေရှာတဲ့ နှင်းဆီပန်းခြောက်ကလေးတစ်ပွင့်ပါ။

သူမ,နဲ့ သက်တန့်ရောင်ကောင်းကင်ကို ငါ အမြတ်နိုးဆုံးပဲ
ပြိုကျခဲ့တဲ့ ငါ့တောင်နံရံတွေထဲ
နွယ်ကြိုးလေးတစ်ချောင်းစာ သူမ,အချစ်က
တေလေတစ်ယောက်သာသာ ငါ့ဘဝကို
သေဆုံးစေခဲ့တယ်။

သူမ,ဟာ ငါနောက်ဆုံးရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်ထဲ
ရှင်သန်ခွင့်မရှိတော့တဲ့
နောက်ဆုံးလက်ကျန် သတိတရပိုင်ဆိုင်ခြင်းတွေထဲက
ငါ့အသည်းတစ်ခြမ်း တည်နေတဲ့ လပ်စွပ်တစ်ကွင်းပါ.
ငါက ဂျစ်ပစီတစ်ယောက်ရဲ့ကမ္ဘာမှာရပ်နေတဲ့
ရင်ဘတ်အခွံနဲ့ လူပေါ့။

Kသာမိုး(မန်းမြေ)
10.9.2018
1:03 AM

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...