Aug 1, 2018

ကဗျာများနဲ့ ခရီးသွားခြင်း

ကဗျာများနှင့် ခရီးသွားခြင်း
~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

တစ်တောင်ဆင်း တစ်တောင်တက်
သစ်ပင်တန်းကလေးတွေ လွမ်းပြီးကျန်ရစ်ခဲ့
လယ်ကွင်းစိမ်းစိမ်းကလေးတွေက လွမ်းပြီးကျန်ရစ်ခဲ့
ရှေ့တူရှုကို ခရီးပြင်းနှင်ရင်း
နွေခေါင်ခေါင်ရဲ့ တွန်သံကလေးတွေ
နားထောင်ကြည့်မိတယ်
သစ်ခြောက်ပင်ကလေးတွေ လည်ပြန်ကြည့်
ကန္တာရ ဆူးပန်းပင်ကလေးတွေ လည်ပြန်ကြည့်
စီစီရီရီထန်းတောကလေးတွေက လည်ပြန်ကြည့်
ထန်းရွက်တဲကလေးတွေရဲ့ နှစ်လိုဖွယ်အပြုံးတွေအောက်
သဘာဝတွေဟာ ရှင်သန်
ကဗျာတွေ သေဆုံး
တမာရနံလေးတွေက နှုတ်ဆက်သွားပါကြောင်း
ရင်ဘတ်မှာ တံဆိပ်ရိုက်ပေးလေရဲ့
အလွမ်းတွေက....ပို....

Kသာမိုး(မန်းမြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...