Sep 17, 2018

အနီရောင် ကျောက်ရိုင်းတုံးလေး

အနီရောင် ကျောက်ရိုင်းတုံးလေး
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ကျောက်တော့ ကျောက်ပါဘဲ
ဒါပေမယ့် တက်နင်းခံရတဲ့ကျောက်တော့မဟုတ်ဖူး
အားလုံးထက်လည်း ပိုပြီးနီသလို
အားလုံးထက်လည်း ပိုပြီးတန်ဖိုးကြီးတယ်
ဟုတ်ပါတယ်....
သူဟာ အနီရောင်ကျောက်ရိုင်းတုန်းကလေးပါ။

သူဆင်းရဲတွေ အနားတောင်မသီနိုင်ဘူး
ပိုက်ဆံ သိန်းနဲ့ချီပေးဝယ်မှတယ်
ပြီးတော့...
သူ့တန်ဖိုးကို သူသိတယ်
ဟုတ်ပါတယ်....
သူဟာ အနီရောင်ကျောက်ရိုင်းတုန်းကလေးပါ။

မနေ့က..
ကျွန်တော် အလုပ်ကပြန်လာတယ်
ချွေးသံတရွဲရွဲနဲ့
အမှတ်တမဲ့ ရှော့ပင်းစင်တာတစ်ခုရှေ့ကြည့်မိတယ်
သူဌေးသားတစ်ယောက်
မာစီးတီးကားကြီးနဲ့
သူ့လက်မှာ အခန့်သားနေရာယူထားတယ်
ဟုတ်ပါတယ်
အဲ့တာ ကျွန်တော်သိပ်မြတ်နိုးတဲ့
သိပ် လိုချင်မိနေတဲ့
အနီရောင် ကျောက်ရိုင်းတုန်းကလေးပါ။

Kသာမိုး(မန်းမြေ)
17/9/2018 (9:47 PM)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...