Sep 18, 2018

စေတန်

စေတန်
~~~Kသာမိုး(မန်းမြေ)

စိတ်ကူးတွေ ပုခုံးပေါ်တင်
ဒဏ်ရာတွေကို တိုက်စားခြင်းဂီတ
ထွက်လာတဲ့ ငိုသံဟာ
မင်းနာမည်...
အဲ့သလို
တခြမ်းပဲ့နေတဲ့ လ,နဲ့
အထီးကျန်ခြင်းရဲ့ည အရာရာ
မင်း ထားရစ်ခဲ့တာပါ...
ငါ ငိုတယ်......
ငါ ငိုနေတယ်.......
ငါးခုံးမတစ်ကောင်ကြောင့် လောင်းရိပ်ကျခဲ့တဲ့စကားလုံးတွေဟာ
နင့်အတွက် စောက်ရမ်းနားခါးစေတဲ့အရာ...
ပွင့်လွှာတစ်ဖက်မပါပဲ ပန်းတစ်ပွင့်မဖြစ်နိုင်ဘူး...
အဲ့လို ညရဲ့အတ္တဟာကမ္ဘာမြေကိုရိုက်ပုတ်
လရောင်က ပင်လယ်ပြင်ကိုပြန်အန်ထုတ်ခဲ့
မျက်ရည်တွေ ဒလဟော စီးကျလို့.....
ငါ့ကဗျာတွေ ပြိုအက်
ငါ့နှလုံးသားတွေ ကွဲကြေ
ငါ့ရင်အုံဟာ ကစဉ်ကလျား
ကိုယ်ချင်းစာတရားမဲ့
နင်လင်းလက်ပြခဲ့တဲ့အချစ်က
မစာမနာ ငါ့ကိုလက်ပြနှုတ်ဆက်သွားတဲ့အခါ
နှလုံးသားရဲ့တံခါးဝမှာတင် ငါ့ကို ချုံးချုံးကျသွားစေခဲ့တယ်.....
I am death.....

Kသာမိုး(မန်းမြေ)
18/9/2018 (9:29 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...