သူ့ကို လွမ်းနေတဲ့အကြောင်း
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
အချစ်ဟာ ပင်လယ်ကြီးနဲ့ထပ်တူအချိုးကျတဲ့အကြောင်း
ရင်အုံအစုံကို Massages အကြိမ်ကြိမ်ပို့
တစ်ခေါ်စာအဝေးက လှိုင်းကြက်ခွပ်ကလေးတွေဟာ
ငြိမ်သက်နေဆဲ (စီးဆင်းမှုကင်းမဲ့)
ငါ ကြားတယ်...(ငါ ကြားနေရတယ်....)
မုန်တိုင်းထန်နေတဲ့ လေတွေ
ကျောက်ဆောင်ကျောက်တုန်းတွေကို ထိုးခွဲပစ်လိုက်တဲ့ရစ်သမ်တွေ
အတောင်တစ်ဖက်ထဲပါတဲ့ စင်ရော်ငှက်တို့ရဲ့
လွမ်းမောစရာ ဂီတသံတွေ
ငါကြားတယ်....(ငါကြားနေရတယ်......)
နှလုံးသားရဲ့ စီးဆင်းနေတဲ့မြစ်က
ရပ်တန့်စရာ ရင်ခွင်မဲ့
I miss you evertime
ဘုရားရေ.....
တုန်ရီအေးစက် တစ္ဆေဆန်တဲ့ထိတ်လန့်ကြောက်ရွံ့မှုတွေထဲ
ငါဟာ သေဆုံးသွားခဲ့ရပြီပဲ
ငါကတော့ အဲ့ဒီလောင်ကျွမ်းခြင်းတွေနဲ့ပဲ
ရှင်သန်နေရတော့မယ်..
Kသာမိုး(မန်းမြေ)
22/9/2018(5:37 pm)
No comments:
Post a Comment