Sep 25, 2018

18+ဆန်ဆန် မျက်နှာဖုံးအတုများ

18+ဆန်ဆန်မျက်နှာဖုံးအတုများ
~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

တစ္ဆေတစ်ကောင်သောက်နေတဲ့ စီးကရက်တစ်လိပ်လောက်
သိပ်ရင်ခုန်ဖို့မကောင်းဘူး
မီးညှိလိုက်ရင်ပြာကျသွားမှာပဲ
အတိုင်းအတာတစ်ခုထိတော့ ရူးပိုင်ခွင့်ရှိတယ်..
KTV တွေ
ဘီယာဆိုင်တွေ
Online ပေါ်တွေ
မီးရောင်စုံနဲ့ လမ်းမကြီးပေါ်တွေ
နောက်ဆုံး ပြောရရင် ဘုရားရင်ပြင်တော်ပေါ်တွေအထိ
နေရာတိုင်းမှာ အပြုံးရောင်မျက်နှာဖုံးအတုတွေရှိတယ်
18+ဆန်ဆန် လှတယ်
18+ဆန်ဆန် ယဉ်ကျေးမှုက
18+ဆန်ဆန် လွတ်လပ်ပြကြ
18+ဆန်ဆန် ကဝေတချို့
18+ဆန်ဆန် ဖာ,ဖြစ်ကုန်ကြ
ငါဦးညွှတ်နေတာ
18+ဆန်ဆန် တိုင်းပြည်....
ရိုင်းသွားလား
Sorry
မှန်တာပြောတာ
မကျေနပ်ရင် 18+ဆန်ဆန်ဆဲကြ
ဒါပေမယ့်
လူသားဆန်ဆန်တော့ ရိုင်းပေါ့..
မင်းပုခုံးပေါ်က ကလေးငိုသံတွေမတိတ်သေးဘူး.....

Kသာမိုး(မန်းမြေ)
24/9/2018(3:22 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...