"ခြေထောက်တစ်ဖက် ပြတ်နေတဲ့မြို့"
************************
လပြည့်နေ့ကို နောက်ပြန်ရစ်ပြီး
လောကကြီးကို ငုံ့ကြည့်လိုက်........
လူတချို့ရဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်တွေ
ခင်ဗျား မြင်ရလိမ့်မယ်.........
လူငယ်တွေရဲ့ မူးယစ်ဆေးစွဲနေတဲ့
ကိုယ်ကျင့်သိက္ခာတွေကို
ခင်ဗျား တွေ့ရလိမ့်မယ်.........
မိန်းကလေးတွေက
ယစ်မူးနေတဲ့ အမှောင်ထုကြီးကို
ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်မှာဝှက်ထားတာ
ခင်ဗျား သိရလိမ့်မယ်...........
ယမကာဝိုင်းတွေထဲ သိုလှောင်ထားတဲ့
ကိုယ့်ကျင့်တရားတွေ
အပျော်တွေကြား ဖွင့်အန်ချပစ်လိုက်တာ
ကျုပ် တွေ့ခဲ့ရတယ်..........
သူတို့ရဲ့ မင်းသားယောင်ဆောင်ခဲ့တဲ့စိတ်ဓာတ်တွေ
ကားတွေပိတ် လမ်းတွေပိတ်နေတဲ့
နေရာ တစ်နေရာမှာ
ကျုပ် ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်..........
ရွံရှာဖို့ကောင်းတဲ့ အောက်တန်းကျအပြုအမူတွေကို
ခင်ဗျား မယုံရင်လာကြည့်လှည့်ပါ........
တိုင်းတစ်ပါးသားခြေဆေးခွက်ထဲ
ခေါင်းစိုက်နေတဲ့ မြို့
ဒါမှမဟုတ်
ခြေထောက်တစ်ဖက် ပြတ်နေတဲ့တိုင်းပြည်
အေး.......ဟုတ်တယ်
အဲ့ဒီတိုင်းပြည် အဲ့ဒီမြို့ထဲမှာ
အပြည့်ရှိတယ်.........
မယုံရင် ခုသွားကြည့်လိုက်.........
ကျုပ်ကတော့ ခေါင်းငုံ့နေရတယ်............
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Oct 8, 2017
"ခြေထောက်တစ်ဖက် ပြတ်နေတဲ့မြို့"
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment