Oct 6, 2017

"အပြာရောင် ကဗျာ"

"အပြာရောင် ကဗျာ"
*****************

ရင်ထဲ အမြစ်တွယ်ခဲ့တဲ့ချောက်ကမ်းပါး
နက်ရှိုင်းလွန်းနေတော့ အောက်ခြေကသယံဇာတကို
သူ....မမြင်ခဲ့ဘူး.......။

တစ်ခဏတာအမှားက ထာဝရစာအပါးမှာ
တန်သလား စဉ်းစား
အပင်ကိုမမြင်ပဲ ကြွေကျလာတဲ့သစ်ရွက်လေးကိုကြည့်
ရေသောက်မြစ်က မကျေမနပ်တောက်ခေါက်.........။

မက်မောစွာ နမ်းရှိုက်ခဲ့တဲ့အနမ်းတစ်ပွင့်
လေအလာမှာ လွင့်ပါ
တယုတယ တည်ဆောက်ခဲ့တဲ့
ခြေရာတွေက မလိုမုန်းထားသူတစ်ယောက်ကြောင့်
ပျောက်ရှ ပျက်သုဉ်း ကွယ်ပျောက်.......။

ကြိုးတွေကတော့ ချည်နှောင်ခဲ့ပါရဲ့
ခိုင်မြဲမှုမှ မရှိခဲ့တာ
ဓားခုတ်ရာ တစ်ချက်နဲ့တင်
သွေးအလိမ်းလိမ်းစွန်း
ချည်နှောင်သူပဲ အသုံးမကျခဲ့တာလား
ချည်တဲ့ကြိုးပဲ မခိုင်ခဲ့တာလား.........။

ကျီစယ်ခဲ့တဲ့ ချစ်ခြင်းတွေက
အရှိုက်ကို တည့်တည့်သွားထိ
ဖြစ်နိုင်မယ်ဆိုရင်ပေါ့
ငါ့ခြုံလွှာ ခဏတာခြုံလွှမ်းပေးပါ
သီကုံးထားတဲ့ မေတ္တာတွေက
ညီမျှခြင်းမရှိ တစ်ဦးတစ်ယောက်ထဲအတွက်........။

ဤသစ္စာသာ တည်ခဲ့ရင်ပေါ့
အိပ်မက်တွေသုတ်ထားတဲ့ မြှားတစ်စင်း
သူ့ရင်ကိုထိမှန်
ညတွေတိုင်းမှာ လှပစေချင်မိရဲ့.........။

ဒါပေမယ့်...........။

ဘယ်သူမဆို ကိုယ့်ကိုကိုယ်တော့
မှန်တယ်ထင်ကြတာ
ဒါ သဘာဝပါ
ကျေးဇူးပြုပီး
အတ္တလေး နဲနဲလျော့ပေးပါ့လား.......။

အပြာရောင် ကဗျာတစ်ပုဒ်
လက်ဆောင်အဖြစ်ပေးလိုက်မယ်
ကမ်းလင့်တဲ့လက်နဲ့ လှမ်းစေချင်တယ်.........။

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...