Oct 4, 2017

"ညဥ့်နက်ခေါ်သံ"

ရင်တွင်းကဗျာဆုံဆည်းရာရပ်ဝန်း Group ထဲမှာ ဆုရခဲ့တဲ့ကဗျာလေးပါ...

"ညဥ့်နက်ခေါ်သံ"
***************

အတိတ်ဟာအတိတ်ပါပဲ
အိပ်မက်မှမဖြစ်ခဲ့တာ
နင်းခြေဖြတ်လျှောက်လာတဲ့ လမ်းတွေပေါ်မှာ
ကောလာဟာလတွေက ပြန့်ကျဲ
ဟိုတစ်စ ဒီတစ်စ.........။

နံရံမှာ ရေးခြစ်ခဲ့ဖူးတဲ့
ကောက်ကြောင်းမလှ ပုံတူပန်ချီတွေက
ညဥ့်မှာ အသက်ဝင်
နေ့မှာတော့ သူမဟုတ်ခဲ့တဲ့အတိုင်းပဲ
ခြောက်ကပ်ကပ်.........။

ရင်ဘက်ထဲ စိုက်ဝင်နေတဲ့
မြှားတစ်စင်း အသာအယာပဲစွဲထုတ်
နာကျင်မှုကို မျက်စိကိုမှိတ်အံကြိတ်ခံပြီး
နံရံတိုင်းကို နားစွင့်မိတယ်.........။

ခေါ်သံလား........
အော်သံလား........
မကွဲပြား...........
ပဲ့တင်သံတိုင်းမှာတော့
ကံကြမ္မာကို ယိုးမယ်ဖွဲ့ပြီး
သစ္စာတရားတွေ စတေးခံခဲ့ရတယ်........။

ဆောင်းခိုငှက်ကလေးတွေသာ
နွေနဲ့မိုးကို မစွန့်ခွာကြဘူးဆိုရင်ပေါ့
ပေးဆပ်မှုရဲ့နောက်ကွယ် စုတ်ပြတ်သတ်ခဲ့တဲ့မေတ္တာတွေက
ကလေးဘဝက နားဆင်ခဲ့ဘူးတဲ့
အိပ်ရာဝင်ပုံပြင် သာသာရယ်လေ...........။

လပြည့်ညမှာ သူမလာခဲ့ဘူး
အမှောင်ထုရဲ့ တစ်ဖက်က
အသံတွေ နားစွင့်
မကြာခင် သူ....ရောက်လာတော့မယ်..........။

အသံတွေ...........
ခေါ်သံလား..........
အော်သံလား............
မကွဲပြား...........
နားစည်မှာ ပဲ့တင်...........
သေချာပြန်နားစွင့်
ကွဲပြားလာပြီ

လာပါ လိုက်ခဲ့ပါတဲ့
သူ...ခေါ်နေပြီ
သူလည်း တိတ်ဆိတ်မှုတွေထဲမှာ
ကြောက်နေရှာမှာပေါ့.......

နိုးတစ်ဝက် အိပ်တစ်ဝက်
စိတ္တဆန်ဆန် ဖြတ်သန်းခဲ့တဲ့ညဟာ
ပြီးဆုံးခဲ့ပြီ
ဒီနေရာမှာပဲ အဆုံးသတ်
ကဲ.........
ခင်ဗျားတို့ ကျွန်တော့်အတွက်
ရည်လည်ဆွမ်းလေး သွပ်ပေးကြပါဦးဗျာ.........။

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...