Oct 3, 2017

" ဘဝ "

"ဘဝ"

စိန်ခေါ်မှုတွေရဲ့ နောက်ကွယ်မှာ
ကိုယ့်အရည်အချင်း ကိုယ်မသိ
အားမတန် မာန်လျော့လို့
ကြုံသလို ရေထဲဆွဲချပစ်ခဲ့တယ်........။

မှားသွားခဲ့တယ်
ခရောင်းလမ်းပေါ်က ပန်းအကြွေတွေ
မကောက်ယူခဲ့မိဘူး
ထိုက်သူပန်အဖြစ်နဲ့သာ
လေနှင်ရာ ပျံသန်းခဲ့........။

မီးခိုးငွေ့ကြားထဲက တဏုာဇောတွေအလယ်
ငါဆိုတာ သူရူးတစ်ယောက်အဖြစ်နဲ့သာ
ပျက်ယွင်းစပြုနေတဲ့ အလှတရားတွေထဲ
ကျားကန်သာရှိခဲ့မယ်ဆိုရင်ပေါ့
အဆိပ်လူးပန်းပင်တိုင်းကို
ချုမြိန်သာယာမှုမှတ်ပြီး
တပ်မက်စိတ်တွေနဲ့ နမ်းရှိုက်မိခဲ့မယ်မထင်ဘူး........။

ရိုကျိုးခြင်းက မြင့်မားမက်စောက်တဲ့
တောင်နံရံတွေကြား ခေါင်းငုံ့နေတဲ့အချိန်
ငှက်ငယ်လေးတစ်ကောင် လေဟုန်ကိုထိုးခွင်းပျံသန်း
အမြင့်ဆုံးကို မရောက်သေးခင်ပဲ
အတောင်ပံအစုံ ကျိုးပျက်ခဲ့
ရင်ထဲမှတော့ အောင့်သက်သက်နဲ့..........။

ပေးကြပါ......
နွေးထွေးတဲ့ လက်အစုံတွေ
ငါ့ကို ကမ်းလင့်ပေးကြပါ
လဲကျနေတဲ့ ငါ့ကို
ကူညီဖေးမမှုတွေနဲ့ တွဲထူပေးကြပါ.......။

နာနာကျင်ကျင် အော်ဟစ်ခဲ့
တမူထူးခြားတဲ့ မျက်ဝန်းတွေအောက်မှာ
ကိုယ့်ကိုကိုယ် ရူးနေသလား.........
မူးနေသလား
Question mark တွေ တန်းစီလို့.........။

ရီဝေတဲ့ စိတ်အစဉ်တွေက
ဟိုး.....အဝေးတစ်နေရာ မျော်ကြည့်မိ
ပန်းခင်းတွေထဲ ကလူကျီစယ်နေကြတဲ့
လိပ်ပြာလေးတွေ
ဖြစ်နေလိုက်ကြပုံများ မနာလိုစရာ.........။

လေညှင်းတွေက ပူလောင်အိုက်စပ်
သူတို့လိုမျိုး လိုချင်ခဲ့မိတာပေါ့
အညတြတစ်ယောက်ရဲ့ အိမ်ပြန်ချိန်တိုင်းက
ခြစားနေတဲ့ ဖိနပ်တွေနဲ့
ဒါဟာ လက်တွေ့ဆန်တဲ့
အိပ်မက် တစ်ပိုင်းတစ်စသာ.........။

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...