"နွေအလွမ်း"
~~~~~~~~~
--------------------------- MC ကာရံလေး
သစ်ရွက်ကြွေတွေ
ငါ့ကိုများ တစ်ခုခုပြောသွားခဲ့လေမလား
အိပ်စက်နေတဲ့ အဓိပတိလမ်းထက်
အသာအယာ ငေးကြည့်မိ
အရှေ့ဖက်ခြမ်းက ဝေ့တိုက်လာတဲ့လေပြေတွေ
ရင်ဘတ်ထဲထိ ဖြတ်ပြေးသွားတော့
ရာစုနှစ်များစွာက နေ့စွဲတွေကို
အတွေးတွေ ဖြန့်ကျတ်
ဒီနေ့အဖို့လည်း စာမျက်နှာပေါ်မှာ
မျက်ရည်တွေ ချခင်းဖြစ်ခဲ့တယ်
ခွက်ထဲက လက်ကျန်ဘဝတွေက
ငါ့ကိုများ ပြုံးပြနေသယောင်ယောင်
နေပူကြီးထဲ အရမ်းမပြေးနဲ့
လမ်းဘေးက ရေအိုးစင်
သန့်သည်ဖြစ်စေ
မသန့်သည်ဖြစ်စေ
တစ်ခွက်လောက်ဖြစ်ဖြစ် သောက်လိုက်
နောက်ထပ် ဆက်ပြေးဖို့ခွန်အားတွေရှိလာနိုင်သေးတယ်
နွေကိုထုဆစ်
အလွမ်းကို ပုံဖော်
လက်ကျန် ကော်ဖီခွက်ဆီက
အေးစက်မှုတွေ ယူသုံးပြီး
ရေးလက်စ ပန်းချီကားတစ်ချပ်
နီညိုရောင်စုတ်ချက်နဲ့ လက်စသတ်မိ
ဒါပေမယ့်
သောင်ပြင်ပေါ်က ဆည်းဆာဟာ
မလှပခဲ့ဘူး
ရွက်ကြွေတွေကိုပဲ အပြစ်တင်လိုက်တော့မယ်
ကွဲရှခဲ့ရတဲ့ ပုလင်းကွဲတွေတိုင်းအတွက်..........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Oct 22, 2017
"နွေအလွမ်း"
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment