Oct 17, 2017

အရက်သမား

"အရက်သမား"
************
မခေါ်နဲ့ဟ
နားခါးတယ်
တကယ်တော့ သူတို့ဆိုတာ
ခါးသက်မှုတွေကို ရာတန်အနွမ်းလေးတွေပေါ်
မေးတင်ထားရတာ

အေ့.....အမရေ တစ်ပိုင်းလောက်ချဗျာ
အတ္တတွေထမ်းပိုးထားတဲ့ စားပွဲခုံလေးပေါ်
အားလုံးထက် ပိုပြီးသစ္စာရှိတဲ့
ငါ့ကောင်ကြီး ရောက်ချလာတယ်........

ပြင်းထန်လွန်းတဲ့ အခါးစပ်ရစ်ရွှေရည်ထဲကို
မျက်ရည်တွေ လောင်းထည့်
ပန်းတိုင်ကိုပြာချ သမအောင်မွှေပြီး
တစ်ကျိုက် ကောက်မော့

အား..........
ရင်ထဲကို ပူ..ဆင်းသွားတာပဲ
အေ့...တစ်ပတ်ဆိုတော့လည်း သိသာတယ်လေ
ဘေးနားရှိတဲ့ ပဲကြီးလှော်က
သနားကြည့်နဲ့
ငါ့ကို စိုက်ကြည့်နေတယ်

သွား...........
မကြည့်နဲ့...ငါ့ကို့စိုက်မကြည့်နဲ့
ငါမမူးသေးဘူးကွ

နောက်တစ်ခွက် ဆက်ငှဲ့
ဆက်သောက်......... အေ့
ဂုဏ်ပကာသနကို ဆေးမဆိုးဘူး
ကြိုက်သလိုဖွင့်ချပစ်လို့ရတယ်
သောက် သောက် သောက်စမ်းကွာ

ငါ့ခေါင်းပေါ်
ကြယ်တွေ လတွေ ဝဲပျံနေပြီ
ကျွံကျနေတဲ့ ကြမ်းခင်ပြင်တွေထဲက
နှလုံးခုန်သံတွေ
ငါ ဘယ်လိုမှခံစားလို့မရခဲ့ဘူး

အိပ်ကပ်ထဲက ခြင်္သေ့တွေ
စားပွဲပေါ် ခုန်ဆင်းလာတယ်
မဖြစ်ဘူး
မင်းတို့ ပြန်ဝင်နေ
မနက်ဖြန်ဆိုတာ ရှိသေးတယ်

ညတွေ အသာထားလိုက်စမ်းပါ
ဘေးနားက စည်းစိမ်တွေကတော့
တက်တက်ကို ပြောင်လို့
သူတို့လဲ ပျက်သုဉ်းချိန်တန်ပီထင်ပါ့........

သိုင်းကွက်နင်းနေတဲ့ အိမ်အပြန်ခြေလှမ်းတိုင်း
ဘယ်လိုမှ မလှပခဲ့
အတိတ်ကို အသာထားလို့
ပစ္စုပန်မှာ ရင်ဘတ်ကိုဖွင့်ချပစ်တယ်
အသံတွေက ဗလုံးဗထွေး

အား...ခလုတ်တိုက်မိပြီ
အေ့..ဟမ်
မင်းက ဘဝဆိုတာလား
သွားစမ်းကွာ
ငါမင်းကို ဘာမှမလွှမ်းခြုံထားဘူး
ငါ့ဟာငါ လွတ်လွတ်လပ်လပ်မူးမယ်...........

MC ကာရံလေး
http://mckaryanlayy.blogspot.con
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...