"အသည်းကွဲ ဂျစ်ပစီ"
စုတ်တီးစုတ်ပျက် ဘဝတွေကို
ရိုးသားခြင်းတွေနဲ့ ဖုံးအုပ်
မျော်လင့်ချက်တွေကို
ကြုံသလို ပေတရာထက်မှာမေးတင်ထားခဲ့တယ်........
ဖက်တွယ်ခဲ့တဲ့ ချစ်ခြင်းတွေသာ
ကားဘီးရာအောက် မရောက်ခဲ့ဘူးဆိုရင်
ငါခူးဆွတ်ခဲ့တဲ့ ရင်နှစ်ပန်းလေး
မွှေးပျံခဲ့မှာ အသေအချာ.........
ခုတော့
ဝေးလွှင့်ငှက်ငယ်တွေ ပျံသန်းနေတာကြည့်ပြီး
ဂျစ်ပစီတစ်ယောက်ရဲ့ နေ့စွဲတွေက
ခါးသက်ခြင်းတွေနဲ့
ရွက်ကြွေတွေက လှောင်ပြောင်နေကြ.............
တရာတန် အဖာထေးရာတွေ
ပိုင်ဆိုင်မှုတွေကို သူ့ထဲထိုးသိပ်ထည့်
ချိန်ခွင်မဲ့ ဘဝတွေက
ဘယ်လိုမှ မလှပခဲ့ဘူး...........
ရပ်တန့်နေတဲ့ မြစ်တစ်ဖက်ကမ်းဆီက
အရောင်မွဲ ဂျစ်ပဆီတစ်ယောက်
ရယူပိုင်ခွင့် မရှိတော့တဲ့အနမ်းတွေကို
သူ တမ်းတနေတယ်..........
စာရွက်ပေါ် ချရေးမိခဲ့တဲ့အလွမ်းတွေက
အက်ကြောင်းရာတွေနဲ့
မှင်မစွန်းခင် မျက်ရည်ဝဲခဲ့
ဒါဟာ ဝ၌ကြွေးဆိုလည်း
ရင်ဘက်ကိုဖွင့် ခါးဆီးခံပါရစေ...........
ငါ့ရဲ့ သာယာမှုတွေပြန်ယူချင်မိတယ်
ငါ့ရဲ့ ပျော်ရွှင်ခြင်းတွေတောင်တနေမိတယ်
ငါ့ရဲ့အိမ်မက်တွေ လှပစေချင်ခဲ့တယ်...........
တုန်ယင်နေတဲ့ လက်အစုံ
ဝဲဘက်ရင်အုံပေါ် တင်လိုက်မိတဲ့တစ်ခဏ
ဟူး............
သူမှာလည်း
မျက်ရည်တွေနဲ့..........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Oct 15, 2017
အသည်းကွဲ ဂျစ်ပစီ
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment