Oct 23, 2017

"အဲ့ဒီနေ့က"

"အဲ့ဒီနေ့က"
--------------------------- MC ကာရံလေး

ရုတ်တရက် ဖြုတ်မိလိုက်တဲ့တွဲလက်တစ်စုံ
အုတ်နံရံတွေကြားထဲမှာ ညှပ်နေခဲ့တယ်
အဲ့ဒီနေ့က

ပင်လယ်ထဲမှာရေမရှိဘူးဆိုတာကို ဘယ်သူမှမယုံခဲ့ကြဘူး
ဟောဒီကောင်ရဲ့ မျက်ရည်စတွေပဲစီးဆင်းခဲ့တာ

ဥယျာဉ်မှုးရဲ့ လက်စွဲတော်ကတ်ကြေးသာ
ထက်မြတ်ပျတ်ရှခဲ့ရင်ပေါ့
လိပ်ပြာလေးတွေ အတောင်ပံဖြန့်စရာ
ဘာအကြောင်းမှ မရှိဘူး

ဒါဟာ ဝဲပျံနေတဲ့
ပိတုန်းမည်းကောင်တွေကြား
ကြောက်တစ်ဝက် လန့်တစ်ဝက်
မက်ခဲ့ရတဲ့ အိပ်မက်တွေပါလို့ပြောရင်
နံရံမှာချိတ်ထားတဲ့ ပြက္ခဒိန်အဟောင်းကြီးက
ငါ့ကို ဟားတိုက်ရယ်လိမ့်မယ်

ပင်လယ်မှာ ပိတ်မိနေတဲ့ရိုးသားခြင်းတွေက
ခုချိန် ပြန်အဖတ်ဆယ်လို့မရတော့ဘူး
မတရားမှုတွေနဲ့ပဲ ကိုယ့်မာနကိုဖြေချ
ဒါတွေက ယောင်ထုံးမဖြုတ်ရသေးတဲ့အချိန်က
ဆူးခြုံကြား လက်ပစ်ကူးခဲ့ရတဲ့ဘဝတွေ

နာရီတွေ ကြက်ခြေခတ်ပစ်
သူအိုတစ်ယောက်ထံက မိန်းမပျိုလေးကိုဝယ်ယူခဲ့ပြီး
တောင်ပို့တစ်လုံးရှေ့ ဒူးထောက်ခိုင်းခဲ့တယ်

အဲ့ဒီနေ့ကစပြီး ကျုပ်ထမင်းငတ်တာပဲ
သူတို့ရဲ့အဆောင် ရွှေကွပ်ထားတဲ့ကြေးချောင်းတွေဟာ
အတုအယောင်တွေပါလို့ ရဲရြဲကီးအာမခံပစ်

ခု ခင်ဗျားမယုံဘူးမလား
အမှိုက်တောင်းထဲက ခြစားနေတဲ့စာရွက်ကြီးပြန်ကောက်လိုက်
ပြီးရင် တစ်ရွက်ချင်းလှန်ကြည့်
လဲကျနေတဲ့ ခြေသလုံးအိမ်တိုင်တွေ
ခင်ဗျား ကွက်ကွက်ကွင်းကွင်းကြီးမြင်ရလိမ့်မယ်

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...