အလောင်းကောင်
^^^^^^^^^^^^^^^^^^^^Kသာမိုး(မန်းမြေ)
တရားမရှိတဲ့ ကိုယ်သင်းရနံ့ကျဉ်းကျဉ်းလေးထဲမှာ
အလောင်းကောင်ဟာ အလောင်းကောင်လိုမနေပဲ
တစ်စုံတစ်ဦးထံ ဖုန်း Massages တွေ အကြိမ်ကြိမ်ပို့နေတယ်။
နှုတ်ခမ်းတံဆိပ်ကပ်ထားတဲ့အရက်ပုလင်းကို ဘေးမှာထောင်ပြီး
ပင့်ကူမျှင်တွေကို အမြည်းအဖြစ်စားသုံးရင်း
အလောင်းကောင်ဟာ တစ်စုံတစ်ဦးကိုသတိတရလွမ်းနေတဲ့အကြောင်း။
အလောင်းကောင်ဟာ အလောင်းကောင်လိုမနေတာခက်တယ်။
နံရံပေါ် တွားသွားတယ်။
ကိုယ့်ခေါင်းကိုယ် ဖြတ်ပစ်တယ်။
ရင်ဘတ်ထဲကနှလုံးတွေအသည်းတွေကို လက်နဲ့ဆွဲထုတ်ပြတယ်။
မနေ့က အလောင်းကောင်ဆီ
တစ်စုံတစ်ဦးဆီက ပါဆယ်ထုပ်ရောက်လာတယ်။
ဖွင့်မကြည့်ရဲဘူး။
လက်တွေက တဆက်ဆက်တုန်နေတယ်။
နမော်နမဲ့နိုင်ပြီး ကျကွဲသွားတဲ့ပါဆယ်ထုပ်ထဲ
မိန်းကလေးတစ်ယောက်ရဲ့ လျှာအပိုင်းအစတွေပါလာတော့
အလောင်းကောင်ဟာ မျက်ရည်တွေစီးကျလာတယ်။
အခုတော့
အလောင်းကောင်ဟာ ငြိမ်သက်...လို့။
ပြီးတော့ သူ့ဟာသူပဲ
မီးသင်္ဂြိုလ်စက်ထဲဝင်သွားတယ်။
Kသာမိုး(မန်းမြေ)
31/1/2K19
No comments:
Post a Comment