Jan 28, 2020

တိတ်တခိုး

တိတ်တခိုး
♥♥♥♥♥ Kသာမိုး(မန်းမြေ)

သံသရာအဆက်ဆက် အလွမ်းတွေက
ရှည်လျားလိုက်တာ
စကားလုံးတွေနဲ့ပဲ ချစ်နေရတာ
ပင်ပန်းပါရဲ့။

ဝေးပြီးမှတော့ ချစ်ခွင့်မရခဲ့တာဆန်းသလား
တိုးတိုးတိတ်တိတ် ခိုးရေးခဲ့တဲ့ကဗျာတွေက
နင့်အတွက်ဆို သီလတစ်ပါးအမြဲကျိုးတယ်။

ဟိုး...မိုင်ပေါင်းများစွာအဝေးမှာ
ဘာတွေရှိသလဲလို့ နင်မေးခဲ့ဖူးတယ်
နင်နဲ့နီးနီးလေးမှာ ငါရှိတယ်ဆိုတာ
နင်မသိခဲ့ဘူး။

မဟုတ်ဘူး
နင် မသိချင်ယောင်ဆောင်ခဲ့တာ။

တော်ပါပြီ
နင်ကလည်း ငါရဲ့အဝေးမှာ
ငါကလည်း နင်ရဲ့ဘေးမှာ။

ချစ်ခဲ့သမျှ
ဒါဟာ ဝဋ်ကြွေးပေါ့။

Kသာမိုး(မန်းမြေ)
28/1/2K19

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...