မနက်ဖြန်ခါ
************ Kသာမိုး(မန်းမြေ)
ငါ့ကို သယ်ဆောင်ဖို့
ကောင်းကင်မှာ ခရာမှုတ်နေကြ။
ရွှေ့ကြည့်လို့မရတဲ့ အကွက်ထဲ
ဘယ်သူက ဥယျာဉ်မှူးဖြစ်ချင်မှာလဲ။
မနက်လင်းအာကြီးချိန် ငါနှိုးထဖို့
နေအိုရောင် ဆည်းဆာတစ်ခြမ်း
ငါ စားသုံးလိုတယ်။
ငါ့ကို သယ်ဆောင်ဖို့
မြေပြင်မှာ ခရုသင်းတွေတွန်နေကြ။
Kသာမိုး(မန်းမြေ)
17/1/2K19
No comments:
Post a Comment