ဘဝရဲ့ နောက်ဆုံးအချိန်များ
💔💔💔💔💔💔💔💔💔 [ Kသာမိုး(မန်းမြေ) ]
ဘဝရဲ့ နောက်ဆုံးအချိန်များ
အဖန်တလဲလဲ အက်ရှနေတဲ့
စိတ်ရဲ့ ပဲ့တင်သံတွေ။
မြင့်မိုရ်တောင်နဲ့ နှမ်းစေ့တမျှ
ချစ်ခြင်းကို မျိုသိပ်မိတိုင်း
ရွက်ကြွေလမ်းကို တမ်းတမိအံ့။
ချစ်ခြင်းဖွဲ့တေးတစ်ပုဒ် သီကြွေးတိုင်း
သံစဉ်တွေ ထွက်သက်ကင်းမဲ့
သူမ မကြားလိုက်ရတဲ့အသံဟာ
ညအခါ လပမာသာပေချိမ့်။
သူမမရှိတဲ့ကမ္ဘာ
ငါ့ကဗျာ ဘဝခါးမှာသာပါစေ။
သူမမရှိတဲ့ကဗျာ
ငါ့ကမ္ဘာ သူမအနားသာ
ကြွေပါစေ။
စကားလုံးမဲ့ လွမ်းချင်းကို
မျက်ဝန်းနဲ့ အဖန်တလဲလဲပုတ်ခပ်
လက်ဖျံရိုးမှာ မင်းနာမည်တွေစိုရွှဲလို့။
ငါ လွတ်မြောက်ပါရစေတော့။
ဝေးကွာခြင်းကို နှုတ်ခမ်းဖျားမှာတပ်
အမှတ်တရတွေ ရှိုက်ယူမိတိုင်း
တိုတောင်းလာတဲ့ ဘဝရဲ့အပိုင်းအခြား။
ငါ နင့်ကိုမလွမ်းရဘူး။
ငါ နင့်ကိုမလွမ်းသင့်ဘူး။
အယ်ကိုလ်ဟောထဲမှာ
သူမမျက်နှာကိုစိမ်ရင်း
ငါ....
ရူးတက်နေပြီ။
ကြွေပါစေတော့....
ကြွေပါစေလေ။
နင့်ကိုလွမ်းတိုင်း ကြွေတဲ့မျက်ရည်
နင့်အနားမှာသာ ပန်းလိုဝေပါစေ။
ငါ့ရဲ့ နောက်ဆုံးထွက်သက်
နင့်စိတ်နဲ့ ရှို့တဲ့ ငါ့အရိုးပြာ
နောက်ဘဝ နင့်အနားမှာသာ
ဝေပါစေလေ။
Kသာမိုး(မန်းမြေ)
26/12/2K19
No comments:
Post a Comment