Dec 22, 2019

ကဗျာရေးဖြစ်တဲ့ တစ်နေ့

ကဗျာရေးဖြစ်တဲ့ တစ်နေ့
---------------------[ Kသာမိုး(မန်းမြေ) ]

လွမ်းချင်တာပဲ သိပါတယ်
နာရဲ့လား မနာရဲ့လားမှန်းမသိ။

ခေါက်သိမ်းထားတဲ့ အကြည့်တစ်စုံနဲ့
ဒိုင်ယာရီထဲက နှုတ်ခမ်းဖျားလေး
သတိတရ တမ်းတဖူးတယ်။

ကဗျာတွေ ရေးဖြစ်တဲ့တစ်နေ့
ငါ အဲဒီလိုကဗျာတွေ
ရေးဖြစ်မယ့် တစ်နေ့။

သူ့နာမည်လေး စီးကရက်လိုဖွာရှိုက်ရင်း
ကတိတွေကို ရင်ဘတ်ထဲရှိုက်သွင်းခဲ့။

အလိုက်တသိ ခြောက်ကပ်သွားတဲ့လမ်းကလေးမှာ
ပြာကျနေတဲ့ ခြေရာအတိုအစတွေရှိတယ်
နင်းချေခံလိုက်ရတဲ့ ကမ်းလက်တစ်စုံ
ရှိခဲ့တယ်။

ကဗျာတွေ ရေးဖြစ်တဲ့တစ်နေ့
သူ ပြန်မလာတော့မယ့် တစ်နေ့။

သူမကို ဘယ်လောက်အထိ
မြတ်နိုးခဲ့ကြောင်း။

နာကျင်ခဲ့လို့ ပြန်တမ်းတနေရလို့
ထွက်ကျလာတဲ့ ဒဏ်ရာတွေ
စကားလုံးလို စီးဆင်းလာမယ့်တစ်နေ့။

ခြောက်ကပ်ကပ် ရယ်သံတွေ
ဆိတ်သုန်းပျောက်ကွယ်သွားမယ့် တစ်နေ့။

ငါ့အစား
ကဗျာတွေက
မင်းနာမည်ကို
ရွတ်ဖတ် ငိုကြွေးပါစေ။

#Kသာမိုး(မန်းမြေ)
22/12/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...