Online ပေါ်က အီလက်ထရွန်းနစ်ဦးနှောက်များ
×××××××××××××××××××××××××××××Kသာမိုး(မန်းမြေ)
၂၁ ရာစု ကဖီးဆိုင်စားပွဲပေါ်က
မှိုတက်နေတဲ့ ပေါင်မုန့်တွေလို။
အခုက
မင်းနဲ့ငါ မြန်မာလိုနှုတ်ဆက်ဖို့
မီးစိမ်းလေးပြရင် အဆင်ပြေတယ်။
စိတ်ထဲမပါတာ ပါတာတွေက
နောက်မှရှင်းပေါ့
Unicode ကို ပါဠိစကားလုံးရိုက်တက်ရင်
နဲနဲပါးပါး လူရာဝင်သွားပြီ။
ပြုံးတက်ဖို့ မလိုဘူး
သွားတိုက်ဖို့မလိုဘူး
ရေမွှေးစွတ်ဖို့ မလိုဘူး။
ဦးနှောက်တွေကို အားပုံမှန်သွင်းဖို့
မီးမပျက်ဖို့ပဲ လိုတာ။
Kသာမိုး(မန်းမြေ)
27/11/2K19