Nov 25, 2019

ချစ်တဲ့သူဆီ ပစ်တဲ့မြှားတစ်စင်း

ချစ်တဲ့သူဆီ ပစ်တဲ့မြှားတစ်စင်း
~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နင် သိပ်လှတယ်ဟာ
နင့်အလှက ကောင်းကင်ကိုမော့သောက်တဲ့ဆည်းဆာလိုမျိုးပေါ့။
နှင်းဝေနေတဲ့နံနက်ခင်းပေါ်က ကျုံးမြို့ရိုးကြီးလိုမျိုးပေါ့။
ငါ့နှုတ်ခမ်းပေါ်က နင်နမ်းရှိုက်ဖို့ ကဗျာတစ်စက်လိုမျိုးပေါ့။
ပြီးတော့...
နှင်းဆီဖူးဖူးကလေးတွေကို လရောင်ကငုံလိုက်သလိုမျိုးပေါ့။
နင်က မမြင်မကန်းနဲ့ ငါ့ရင်ကိုဝင်ဝင်တိုက်တယ်။
နေ့နဲ့ညကလည်း အယောင်ယောင်အမှားမှားနဲ့
နင့်ကိုချစ်တယ်ဆိုတာကို ငါဖွင့်ပြောဖို့
နင့်လက်အစုံကို မဝံ့မရဲဆုပ်ကိုင်နိုင်ဖို့
ဒီနေ့ည ဘုရားကန်တော့ပြီးမှ ငါအိပ်ယာဝင်ရမယ်။
ကော်ဖီမသောက်ဖို့လည်း လိုမယ်ထင်တယ်။
အိုး...သူက အရမ်းနန်းဆန်တာပဲ။
ပြောချင်တာကတော့ အများကြီး။
ဒါပေမယ့်
ပြောဖြစ်လိုက်တာက တစ်ခွန်းထဲပဲ။
ချစ်တယ်။

Kသာမိုး(မန်းမြေ)
25/11/2K19

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...