* ဆောင်းရာသီ ဈာပန *
====================Kသာမိုး(မန်းမြေ)
ဆောင်းရာသီကို စမတ်ကျကျဝတ်ဆင်ပြီး
သေဆုံးခဲ့သော နှင်းစက်များ။
ကိုယ့်ကိုကိုယ် မီးသင်္ဂြိုလ်ရင်း
ဒွါရကိုးပေါက်က ထွက်ကျလာတဲ့မင်းမျက်နှာတွေ။
ပြာတစ်မှုန်ရဲ့ နှုတ်ဆက်ခြင်းမှာ
နင့်နှုတ်ခမ်းကို လောင်စာအဖြစ်သုံးခဲ့မိတယ်။
ငါ့ကို ခွင့်လွှတ်ပါ။
ငါ့ကို ခွင့်လွှတ်ပါ။
Kသာမိုး(မန်းမြေ)
11/10/2K19
No comments:
Post a Comment