July
~~~~Kသာမိုး(မန်းမြေ)
July ရေ ကောင်းကင်မှာပွင့်ရတာ အဆ်ပြေရဲ့လား?
ငါကတော့ မင်းရဲ့ညမှာ ကဗျာတွေသီကြူးနေရဆဲပါ။
စိတ်အလိုမတူတဲ့ အတိတ်က
ဘဝခါးခါး အခန်းကျဉ်းလေးမှာတောင်
မင်းစိတ်နဲ့ သံစဉ်တွေကျကွဲရ။
သူနဲ့အတူတူ ပန်းခင်းလေးထဲမှာတောင်
ဒိုင်ယာရီလို ပျော်ခဲ့ကြဖူးတယ်။
July ရေ
အခန်းနားဆုံး အပြုံးတွေနဲ့
မသေရုံတမယ် ငိုရှိုက်ခဲ့ရ
မင်းရဲ့ မုသားမှာတောင်
ကျိုးနွံစွာ လည်စင်းခဲ့တဲ့ကောင်။
July ရေ
မင်းဟာ ငါနဲ့ငါ့ဂစ်တာတစ်လက်အတွက်
ကောင်းမွန်သော နေ့လည်စာပါ။
အနုထွတ်ဆုံး တေးသွားကို
အကြမ်းတမ်းဆုံး နှလုံးသားနဲ့
ပူလောင်ပြင်းပြ ငိုရှိုက်ခဲ့ကြ။
July ရေ
မင်းဟာ
ငါမကျရက်ပဲ သိမ်းထားတဲ့
မျက်ရည်တစ်စက်ပေါ့ကွယ်။
လွမ်းတယ်....
July။
Kသာမိုး(မန်းမြေ)
2/7/2K19
No comments:
Post a Comment