Jul 29, 2019

"​အောက်​စီဂျင်​ ပြတ်​​နေတဲ့ကဗျာ"

"​အောက်​စီဂျင်​ ပြတ်​​နေတဲ့ကဗျာ"
----------------------------------Kသာမိုး(မန်း​မြေ)

မ​နေ့ကရခဲ့တဲ့ဒဏ်​ရာဟာ
ဒီ​နေ့မှာ ပိုပြီးနာကျရသလိုမျိုး​ပေါ့။
အောက်​စီဂျင်​မရှိတဲ့ ​လေဟာနယ်​ထဲ
မင်းနာမည်​​တွေ ​ရေရွတ်​။

Online တက်​ကြည့်​မိတိုင်း
ခဏခဏ နာကျင်​ရတယ်​။
အမှတ်​တရ​တွေကလဲ များသား။
ဖောက်​ထွက်​ခွင့်​မရတဲ့ စာသားတစ်​​ကြောင်းမှာ
မင်းပို့ခဲ့တဲ့ Massage တစ်​​စောင်​နဲ့တင်
ငါဟာ တစ်​ပိုင်း​သေ​နေပြီးသား​ကောင်​။

အသက်​ရှုခြင်း မရှိ​တော့တဲ့ကဗျာမှာ
မင်းကိုလွမ်းလို့ စကားလုံး​တွေကြိုးစင်​တင်​လိုက်​တယ်​။
သေမိန့်​ကျ ​နေ့စွဲမှာ
ငါနံရိုးတစ်​​ချောင်း ကျိုး​ကြေသွား​ကြောင်း။

ကဗျာ​ရေ။
နင်​​ပျော်​ပါ​စေဟာ။

Kသာမိုး(မန်း​မြေ)
29/7/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...