Jul 29, 2019

"​အောက်​စီဂျင်​ ပြတ်​​နေတဲ့ကဗျာ"

"​အောက်​စီဂျင်​ ပြတ်​​နေတဲ့ကဗျာ"
----------------------------------Kသာမိုး(မန်း​မြေ)

မ​နေ့ကရခဲ့တဲ့ဒဏ်​ရာဟာ
ဒီ​နေ့မှာ ပိုပြီးနာကျရသလိုမျိုး​ပေါ့။
အောက်​စီဂျင်​မရှိတဲ့ ​လေဟာနယ်​ထဲ
မင်းနာမည်​​တွေ ​ရေရွတ်​။

Online တက်​ကြည့်​မိတိုင်း
ခဏခဏ နာကျင်​ရတယ်​။
အမှတ်​တရ​တွေကလဲ များသား။
ဖောက်​ထွက်​ခွင့်​မရတဲ့ စာသားတစ်​​ကြောင်းမှာ
မင်းပို့ခဲ့တဲ့ Massage တစ်​​စောင်​နဲ့တင်
ငါဟာ တစ်​ပိုင်း​သေ​နေပြီးသား​ကောင်​။

အသက်​ရှုခြင်း မရှိ​တော့တဲ့ကဗျာမှာ
မင်းကိုလွမ်းလို့ စကားလုံး​တွေကြိုးစင်​တင်​လိုက်​တယ်​။
သေမိန့်​ကျ ​နေ့စွဲမှာ
ငါနံရိုးတစ်​​ချောင်း ကျိုး​ကြေသွား​ကြောင်း။

ကဗျာ​ရေ။
နင်​​ပျော်​ပါ​စေဟာ။

Kသာမိုး(မန်း​မြေ)
29/7/2019

Jul 1, 2019

July

July
~~~~Kသာမိုး(မန်းမြေ)

July ရေ ကောင်းကင်မှာပွင့်ရတာ အဆ်ပြေရဲ့လား?
ငါကတော့ မင်းရဲ့ညမှာ ကဗျာတွေသီကြူးနေရဆဲပါ။

စိတ်အလိုမတူတဲ့ အတိတ်က
ဘဝခါးခါး အခန်းကျဉ်းလေးမှာတောင်
မင်းစိတ်နဲ့ သံစဉ်တွေကျကွဲရ။

သူနဲ့အတူတူ ပန်းခင်းလေးထဲမှာတောင်
ဒိုင်ယာရီလို ပျော်ခဲ့ကြဖူးတယ်။
July ရေ
အခန်းနားဆုံး အပြုံးတွေနဲ့
မသေရုံတမယ် ငိုရှိုက်ခဲ့ရ
မင်းရဲ့ မုသားမှာတောင်
ကျိုးနွံစွာ လည်စင်းခဲ့တဲ့ကောင်။

July ရေ
မင်းဟာ ငါနဲ့ငါ့ဂစ်တာတစ်လက်အတွက်
ကောင်းမွန်သော နေ့လည်စာပါ။
အနုထွတ်ဆုံး တေးသွားကို
အကြမ်းတမ်းဆုံး နှလုံးသားနဲ့
ပူလောင်ပြင်းပြ ငိုရှိုက်ခဲ့ကြ။

July ရေ
မင်းဟာ
ငါမကျရက်ပဲ သိမ်းထားတဲ့
မျက်ရည်တစ်စက်ပေါ့ကွယ်။

လွမ်းတယ်....
July။

Kသာမိုး(မန်းမြေ)
2/7/2K19

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...